စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, November 13, 2017

ကမ္ဘာ့ ပထမဆုံးများ

ကမ္ဘာ့ ပထမဆုံး တီထွင်မှု့တွေနဲ့ ပထမဆုံး ထူးထူးခြားခြားလေးတွေကို တင်ပေးလိုက်ပါတယ်…




၁၉၃၉ ခုနှစ်မှာ တီထွင်ခဲ့တဲ့ VS-300 ကတော့ ကမ္ဘာ့ပထမဆုံး ဟယ်လီကော်ပတာပါတဲ့


ဒီနေ့မှာ Web Pages တွေ သန်းနဲ့ချီပြီးရှိနေပေမယ့် လွန်ခဲ့တဲ့ နှစ်၂၀လောက်တုန်းက ဘာ Web Site မှ မပေါ်သေးပါဘူး။  ကမ္ဘာ့ပထမဆုံး Website ကို ဖန်တီးခဲ့သူကတော့ Tim Berners-Lee ဖြစ်ပြီး 1991 August 6 မှာ စတင်ပြီး အွန်လိုင်းပေါ်ကို လွှင့်တင်ခဲ့တာပါ။  ပထမဆုံး website ရဲ့ လိပ်စာကတော့ 
http://info.cern.ch/hypertext/WWW/TheProject.html ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး ကွန်ပျူတာ ဗိုင်းရပ်စ် ကို ပါကစ်စတန်နိုင်ငံက Farroq Alvi Brothers က ရေးခဲ့တာပါ။  IBM PC virus ဖြစ်ပါတယ်။

ကမ္ဘာ့ပထမဆုံး လူတွေဆော့လာတဲ့ ဂိမ်းနာမည်ကတော့ Spacewar ! ပါတဲ့။  

RCA 630-TS တီဗီကတော့ ၁၉၄၆-၄၇ ခုနှစ်မှာ Mass Production ထုတ်လုပ်ခဲ့တဲ့ တီဗီပါ..




တရုတ်ပြည် တန်မင်းဆက် (A.D 618-907) လောက်တုန်းက စက္ကူနဲ့ ငွေကြေးကို သတ်မှတ်ဖူးပါတယ်။  ဒီပုံထဲမှာ တွေ့ရတဲ့ စာရွက်ကတော့ အမေရိကန် မန်ဆာချူးဆက်က ပထမဆုံး ပုံနှိပ်ထုတ်ပေးတဲ့ ငွေစက္ကူ ဖြစ်ပါတယ်။  မန်ဆာချူးဆက်က အကြွေစေ့စက်ရုံကို ဗြိသျှတွေ ပိတ်ပစ်လိုက်တော့ အကြွေစေ့တွေ စပြီး ရှားပါးလာပါတယ်။  နောက် ၁၆၈၉မှာ ဗြိသျှတွေက အမေရိကန်စစ်သားတွေကို ကနေဒါက ပြင်သစ်တွေကို တိုက်ဖို့ လွှတ်ခင်ျပါတယ်။ ဒါပေမယ့် စစ်သားတွေကို ပေးစရာ ပိုက်ဆံမရှိပါဘူး။  အဲ့ဒါနဲ့ အစိုးရက ဒီစာရွက်တွေကို ပုံနှိပ်ထုတ်ဝေပြီးတော့ နောက်ပိုက်ဆံစေ့နဲ့ လဲလှယ်လို့ ရပါတယ်ဆို ရောကြိတ်ရာကနေပြီး နောက်ပိုင်း ပိုက်ဆံစက္ကူတွေ ထွက်ရှိလာတာဖြစ်ပါတယ်။



ကမ္ဘာ့ပထမဆုံး ကြိုးမဲ့ဖုန်း မိုတိုရိုလာ DynaTac ကို ကိုင်ထားတဲ့လူကတော့ တီထွင်သူ မာတင်ကူးပါး ပဲဖြစ်ပါတယ်။ ၁၉၇၃ ခုနှစ်မှာ တီထွင်ခဲ့တုန်းက ခုလက်ရှိငွေ ဒေါ်လာ ၁ သန်းနီးပါး ကုန်ကျခဲ့ပါတယ်။  သူ့ရဲု့ဖုန်းအသစ်ကြီးနဲ့ သူ့ပြိုင်ဖက်ကြီး ဂျိုဝယ်ကို လှမ်းခေါ်ပြီး ကြွားတုန်းက ဟိုဖက်ကကောင် အံကြိတ်နေပုံရတယ် ဆိုပြီး ပြုံးပြုံးကြီး လုပ်နေပုံရတယ်...







Eugen Sandow ကတော့ Bodybuilding ကို ပထမဆုံး စနစ်တကျဖြစ်အောင် စနစ်ချပေးခဲ့တဲ့ body builder ပါ....



 ENIAC လို့အမည်ရတဲ့ ကွန်ပျူတာကြီးကတော့ အလေးချိန် တန်၅၀လောက်လေးပါတယ်။  ၁၉၄၃ ခုနှစ်ပါ စတည်ဆောက်ပြီး အချိန် ၃ နှစ်လောက်ယူခဲ့ရပါတယ်။  ENIAC ကတော့ ဒစ်ဂျစ်တယ် ကွန်ပျူတာတွေထဲမှာ ပထမဆုံး Fully Functional ဖြစ်တဲ့ ကွန်ပျူတာပါ။

1826-27 ကြားထဲမှာ ရိုက်ခဲ့တဲ့ ဒီဓာတ်ပုံကတော့ ကမ္ဘာပေါ်မှာ ကျန်ရစ်ခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အစောဆုံး ဓာတ်ပုံပဲ ဖြစ်ပါတယ်။  Nicephore Niepce ကရိုက်ကူးခဲ့တာဖြစ်ပြီး ပြင်သစ်နိုင်ငံ Saint-Loup-de-Varennes မှာ ရိုက်ကူးခဲ့တာပါ။  ပြတင်းပေါက်ကနေပြီးတော့ သူ့ခြံဝန်းကို ရိုက်ကူးထားတာပါ။







Source : Link

No comments:

Post a Comment