စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, December 26, 2012

Air Dome (သို့) ဝေဟင်ကာကွယ်ရေးစနစ်


           ရန်သူများပတ်လည်ဝိုင်းနေသောနိုင်ငံဆိုရင် အစ္စရေးနိုင်ငံကို မြင်ကြမည်ဖြစ်သည်။  ၁၉၉၀ လောက်ကစလို့ ဟစ်ဇဗိုလာတွေက အစ္စရေးကို ဒုံးကျည်တွေ အသုံးပြုပြီး နည်းလမ်းအသစ်နဲ့ ပစ်ခတ်လာကြတော့ ဒါဟာ အစ္စရေး ကာကွယ်ရေးအတွက် စိန်ခေါ်စရာ တစ်ခုဖြစ်လာသည်။  ဒီလိုနှင့် ၂၀၀၄ ခုနှစ်လောက်မှာ IDF (Israel Defense System) ရဲ့ Research and Development ဗြူရိုကနေပြီးတော့ ဝေဟင်ကာကွယ်ရေးစနစ်ကို အကောင်အထည်ဖော်ဖို့ အကြံပြုသည်။  ၂၀၀၆ ခုနှစ် ဒုတိယ လက်ဘနွန် စစ်ပွဲမှာတော့ ဟစ်ဇဗိုလာတွေက အစ္စရေးဘက်ကို ဒုံးကျည် ၄၀၀၀ လောက် လက်ဆောင်ပေးသည်။  ဒီဒုံးကျည်တွေက အစ္စရေးရဲ့ တတိယအကြီးဆုံး မြို့ဖြစ်တဲ့ ဟိုင်ဖာ အပါအ၀င် အစ္စရေးမြောက်ပိုင်းတစ်ခွင်ကို ကျသည်။  လူပေါင်း ၄၄ ယောက် အသက်သေဆုံးပြီးတော့ အရပ်သားပေါင်း ၂သိန်းခွဲလောက် လွတ်ရာကို ရွေ့ပြောင်းရသည်။
          တောင်ပိုင်းမှာတော့ ဟားမားစ် တို့က ဂါဇာကမ်းမြှောင်တစ်လျှောက် ဒုံးကျည် ၄၀၀၀ ကျော်နှင့် မော်တာ ကျဉ်ဆံပေါင်း ၄၀၀၀ ကျော်ကို ၂၀၀၀ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်ကြားပစ်သွင်းခဲ့သည်။  ပုံမှန်သမားရိုးကျ ဒုံးကျည်ပစ်လွှတ်မှု့မဟုတ်ပဲ ၁၂၂ မမ Grad လောင်ချာတွေကို သုံးပြီးတော့ Qassams ဒုံးကျည်တွေကို တာဝေးပစ်လွှတ်ခြင်းဖြစ်သည်။  အစ္စရေးနိုင်ငံ တောင်ပိုင်းမှာ ရှိတဲ့ လူ ၁သန်းကျော်ဟာ ဒုံးကျည် ရောက်ရှိနိုင်တဲ့ အကွာအဝေးအတွင်းမှာ ရောက်ရှိနေပြီးတော့ ဒါဟာ အစ္စရေးတို့ရဲ့ လုံခြုံရေးအတွက် အထူးကို စိုးရိမ်စရာ အခြေအနေကို ရောက်ရှိလာပါတယ်။
          ဒီလိုနဲ့ ၂၀၀၇ ဖေဖော်ဝါရီလမှာ အစ္စရေးရဲ့ ကာကွယ်ရေး ၀န်ကြီး Amir Peretz က အစ္စရေးရဲ့ ဝေဟင်ကို တာတိုပစ် ဒုံးကျည်တွေရန်က ကာကွယ်ဖို့အတွက် Iron Dome စနစ်ကို ရွေးချယ်ခဲ့တာပါ။  ဒီလိုနဲ့ အမေရိကန် ဒေါ်လာ သန်း ၂၁၀ တန် စနစ်ကို ရာဖဲ အဆင့်မြင့် ကာကွယ်ရေး စနစ် (Rafael Advanced Defense Systems) က အစ္စရေး ကာကွယ်ရေး တပ်မတော်နဲ့ ပူးပေါင်းပြီးတော့ တီထွင်ခဲ့ပါတယ်။  ဒီ Iron Dome စနစ်ဟာ လူနေထူထပ်တဲ့ ဒေသတွေမှာ ကီလိုမီတာ ၇၀ (၄၅ မိုင်အတွင်း) ၀င်ရောက်လာတဲ့ ၄မီတာကနေ ၇၀ ကီလိုမီတာ အမြင့်အတွင်းမှာရှိတဲ့ ဒုံးကျည်တွေကို ဒုံးခွင်းဒုံးကို သုံးပြီးတော့ ကာကွယ်ပေးနိုင်ပါတယ်။  ဒီစနစ်ကို ၂၇ မတ်လ ၂၀၁၁ မှာ အစ္စရေးနိုင်ငံတောင်ပိုင်းရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ Beersheba မှာ စတင်အသုံးပြုခဲ့ပါတယ်။ ၇ ရက် ဧပြီလ ၂၀၁၁ မှာတော့ ဂါဇာဘက်က ပစ်လွှတ်လိုက်တဲ့ ဂရက်ဒုံးကျည်ကို အောင်မြင်စွာ ပစ်ချနိုင်ခဲ့ပါတယ်။  ၁၀ရက် မတ်လ ၂၀၁၂ မှာတော့ ဂျေရုစလင် သတင်းစာက Iron Dome စနစ်ဟာ ဂါဇာဘက်ကနေ ပစ်လွှတ်တဲ့ ဒုံးကျည်တွေရဲ့ ၉၀ ရာခိုင်နှုန်းကို ပစ်ချနိုင်ခဲ့တယ်လို့ ကြေငြာခဲ့ပါတယ်။  နိုဝင်ဘာ ၂၀၁၂ အထိ Iron Dome စနစ်ဟာ ဒုံးကျည်ပေါင်း ၄၀၀ ကျော်ကို ပစ်ချခဲ့ပြီး ဖြစ်ပါတယ်။  Iron Dome စနစ်ဟာ ဝေဟင်အမြင့် ပေ ၃၂၈၀၀ (မီတာ ၁သောင်း) အမြင့်အထိ ပျံသန်းနေတဲ့ လေယဉ်တွေကိုလဲ ဖြိုခွင်းနိုင်ပါတယ်။ 


          ဒီစနစ်မှာတော့ အပိုင်း ၃ ခုပါဝင်ပါတယ်။
  • -       Detection & Tracking Radar : လို့ခေါ်တဲ့ ၀င်ရောက်လာတဲ့ ဒုံးကျည်တွေကို ထောက်လှမ်းပြီးတော့ ဒုံးကျည်လမ်းကြောင်းကို လိုက်ပေးမယ် ရေဒါစနစ်။  ဒါကို အယ်လ်တာ ကထုတ်လုပ်ပါတယ်။  အယ်လ်တာဆိုတာက အစ္စရေး ကာကွယ်ရေး ပစ္စည်းတွေ ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်ပြီးတော့ အစ္စရေး အာကာသ ဋ္ဌာနရဲ့ လက်အောက်ခံတစ်ခုဖြစ်သလို အစ္စရေး ကာကွယ်ရေး ဋ္ဌာနရဲ့ လက်အောက်ခံ တစ်ခုလဲဖြစ်ပါတယ်။
  • -       Battle Management & Weapon Control (BMC) : ဒီ စစ်ဆင်ရေး စီမံကွပ်ကဲမှု့နှင့် လက်နက် ထိန်းချုပ်မှု့ စနစ်ကိုတော့ mPrest Systems ကထုတ်လုပ်ပါတယ်။  ဒီကုမ္ပဏီကတော့ အစ္စရေး ဆော့ဖ်ဝဲ ကုမ္ပဏီဖြစ်ပါတယ်။
  • -       Missile Firing Unit : ဒုံးပစ်စနစ်မှာတော့ Tamir interceptor ဒုံးတွေကို သုံးပြီးတော့ electro-optic sensors တွေတပ်ဆင်ထားပါတယ်။  ဒါ့အပြင် အဲ့ဒီ တွေမှာ လိုရာကို ရောက်ရှိနိုင်ဖို့ ထိန်းပေးနိုင်တဲ့ အဆင့်မြင့် တောင်ပံတွေ ပါဝင်ပါသေးတယ်။  ဒီတွေကိုတော့ Rafael ကထုတ်လုပ်ပါတယ်။ 

  • ရေဒါစနစ်ကိုတော့ အစ္စရေး အာကာသ ဋ္ဌာနရဲ့ ELTA ဋ္ဌာနခွဲကနေပြီးတော့ ထုတ်လုပ်တာဖြစ်ပြီးတော့ အဲ့ဒီရေဒါစနစ်ကိုတော့ ELM-2084 လို့ခေါ်ပါတယ်။  ဒီရေဒါစနစ်ဟာ Iron Dome ကာကွယ်ရေးစနစ်စည်းအတွင်းကို ၀င်ရောက်လာတာနဲ့ ထောက်လှမ်းပြီးတော့ လမ်းကြောင်းကို လိုက်ပါတယ်။  ပြီးရင်တော့ BMC ကနေပြီး ဒီဒုံးကျည် ကျရောက်နိုင်တဲ့ နေရာကို ရေဒါက ပေးပို့တဲ့ အချက်အလက်တွေအရ တွက်ချက်ပြီးတော့ ဒီကျရောက်မည့်နေရာဟာ အန္တရာယ်ရှိနိုင် မရှိနိုင်ကို ထပ်မံ တွက်ချက်ပါတယ်။  အန္တရာယ်ရှိတဲ့နေရာ လူဦးရေထူထပ်တဲ့နေရာကို ကျရောက်နိုင်မယ်ဆိုရင်တော့ ဒုံးခွင်းဒုံးတွေကို ပစ်လွှတ်ပြီးတော့ အဆိုပါ ဒုံးကျည်တွေ မကျရောက်ခင်လေပေါ်မှာတင် ပစ်ခွင်းတဲ့ စနစ်ဖြစ်ပါတယ်။

          အစပိုင်းမှာတော့ အကုန်အကျများလွန်းတဲ့ ဒီ စနစ်ကို တပ်ဆင်အသုံးပြုဖို့ကို အစ္စရေးတို့ လက်တွန့်နေခဲ့ကြပါတယ်။  ဒါပေမယ့် ၂၀၁၂ မတ်လ ဂါဇာ-အစ္စရေးအရေးအခင်းမှာ အစ္စရေးတပ်မတော်က Zohair al-Qaisi ကို သတ်လိုက်တော့ ဂါဇာဘက်ကနေ ဒုံးကြည်ပေါင်း ၃၀၀ ကျော် အစ္စရေးနိုင်ငံထဲကို ပစ်သွင်းခဲ့ပါတယ်။  ဒုံးကြည်ပေါင်း ၁၇၇ လုံးလောက်ကတော့ အစ္စရေးပိုင်နက်ထဲကို ကျရောက်ခဲ့ပါတယ်။  Iron Dome စနစ်ဟာ အဲ့ဒီအချိန်မှာ ဒုံးကြည်ပေါင်း ၅၆လုံး (၇၁ ကြိမ် ဒုံးခွင်းဒုံး ပစ်ခတ်ခဲ့ပြီး) ကို ကာကွယ်နိုင်ခဲ့ပါတယ်။
          ဂါဇာတပ်မတော်ရဲ့ လက်ရုံးကြီး အာမတ် ဂျက်ဘရီကို အစ္စရေးတို့က သတ်လိုက်တော့ အစ္စရေးနဲ့ ဟားမားစ်တို့ကြားမှာ ၂၀၁၂ နိုဝင်ဘာ ၁၄ ကနေပြီးတော့ ၂၁ ရက်နေ့အထိ ဒုံးကြည်တွေ အပြန်အလှန် ပစ်ခတ်ကြပါတယ်။  အဲ့ဒီအချိန်မှာ အစ္စရေးတို့က Pillar of Defense လို့ခေါ်တဲ့ ဒုံးကြည်မိုးရွာချနေတဲ့ အခြေအနေကို ကာကွယ်ဖို့ အထူးစစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။  အဲ့ဒီစစ်ဆင်ရေးမှာ Iron Dome စနစ်က ဒုံးကြည်ပေါင်း ၄၂၁ စင်းကို ပစ်ခွင်းနိုင်ခဲ့ပါတယ်။  နိုဝင်ဘာ ၁၇ ရက်နေ့မှာတော့ အစ္စရေးမြို့တော် တဲလ် အဗစ်ကို ချိန်ရွယ်ထားတဲ့ ဒုံးကျဉ်တွေ များလာလို့ ငါးခုမြောက် Iron Dome စနစ်ကို တပ်ဆင်ခဲ့ပါတယ်။
          စင်ကာပူမှာလည်း Iron Dome စနစ်ကို အစ္စရေးက ၀ယ်ထားတယ်လို့ သတင်းထွက်ပါတယ်။  မြေဧရိယာ ၂၇၄ စတုရန်း မိုင်သာရှိတဲ့ စင်ကာပူကျွန်းဟာလဲ သူ့ပတ်ပတ်လည်မှာ အစ္စလမ်နိုင်ငံတွေဖြစ်တဲ့ မလေးရှားနဲ့ အင်ဒိုတို့က ၀ိုင်းထားတဲ့အတွက် ကျောသိပ်လုံပုံမရပါဘူး။  နောက်ပြီးတော့ အစ္စရေးတို့ ခုလို တီထွင်နိုင်ဖို့ စင်ကာပူက ငွေကြေးထောက်ပံပေးတယ်လို့ ပြင်သစ်အခြေစိုက် မဂ္ဂဇင်းတစ်စောင်ကလဲ ဖော်ပြထားပါသေးတယ်။  စင်ကာပူကို ထူထောင်ခဲ့တဲ့ ဘဘကြီးလီဟာလည်း စင်ကာပူကို ကာကွယ်ဖို့အတွက် အတော့်ကို အာရုံထားခဲ့ပါတယ်။  ဒီနေ့အချိန်မှာတော့ စင်ကာပူရဲ့ တပ်မတော်ဟာ အရှေ့တောင်အာရှမှာ အဆင့်မြင့်ဆုံး စစ်လက်နက်တွေ သုံးစွဲ တပ်ဆင်ထားတဲ့ တပ်မတော်ဖြစ်ပါတယ်။  Iron Dome စနစ်ဟာ စင်ကာပူအတွက်တော့ သူ့ရဲ့ အရေးကြီးလှတဲ့ ဆိပ်ကမ်းနဲ့ စီးပွားရေး အချက်အခြာတွေကို ကာကွယ်နိုင်မယ့် အလွန့်အလွန် အရေးပါလှတဲ့ လက်နက်တစ်ခုလဲဖြစ်ပါတယ်။  ဒီ ဒုံးခွင်းဒုံးစနစ် တစ်ခုလုံးအတွက် ကုန်ကျငွေဟာ ဒေါ်လာ သန်း ၅၀ လောက်ရှိမှာဖြစ်ပြီးတော့ ၄၅ မိုင်ပတ်လည် အကျယ်အ၀န်းကို ကာကွယ်မှု့ပေးနိုင်မှာဖြစ်ပါတယ်။  စင်ကာပူဟာ အစ္စရေးတို့ရဲ့ ကာကွယ်ရေး ပစ္စည်းတွေကို ခုနှစ်ပိုင်းတွေမှာ အမြောက်အများ ၀ယ်ယူပြီးတော့ စင်ကာပူရဲ့ နှစ်စဉ် လေတပ်မတော် ပြပွဲတွေမှာလဲ အစ္စရေး ကုမ္ပဏီတွေ ပါဝင်ပြသလေ့ရှိပါတယ်။
          အစ္စရေးကတော့ နေတိုး၊ တောင်ကိုရီးယား၊ အမေရိကန်နဲ့ အန္ဒိယနိုင်ငံတို့ကို သူ့ရဲ့ Iron Dome စနစ်ကို အနာဂါတ်မှာ ရောင်းချဖွယ်ရှိနိုင်ပါတယ်။  ဒါပေမယ့် ဒုံးကျည် တစ်စင်းရဲ့ တန်ဖိုးသက်သက်ကိုက ဒေါ်လာ ၃သောင်းခွဲကနေ ၅ သောင်းကြားမှာရှိပါတယ်။  လောလောဆယ် ပါလက်စတိုင်းတွေဘက်က ပစ်လိုက်တဲ့ ဒုံးကြည်ဟာ တစ်စင်းကိုမှ ဒေါ်လာ ၈၀၀ လောက်ပဲရှိလေတော့ အကုန်အကျခြင်း ယှဉ်လိုက်ရင် ကွာဟချက်ကတော့ တော်တော့်ကို များတယ်လို့ ဆိုရမှာပါ။

Reference : (Wikipedia, Link 1)

1 comment:

  1. အမေရိကန်၊ တောင်ကိုရီယား၊ ဂျပန်လည်း ဒုံးခွင်းစနစ် ရှိမယ်ထင်တယ်..စိတ်ဝင်စားဖို့ ကောင်းတယ်..

    ReplyDelete