စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, November 15, 2012

စေတစ်လုံး ဆိတ်

          အန္ဒိယနိုင်ငံ ပါရန်ဒူရိုင်က  အီရော့ဒ်ဆိုတဲ့ဒေသမှာတော့ မျက်စေ့တစ်လုံးသာပါတဲ့ ဆိတ်မလေးကို မွေးဖွားခဲ့ပါသတဲ့။  ကန်ဒေဆာမိ လို့ခေါ်တဲ့ ဆိတ်မွေးခြံပိုင်ရှင်ကတော့ သူ ဆိတ်မွေးလာတဲ့ ၁၀ နှစ်သက်တမ်းမှာတော့ ဒါဟာ ပထမဆုံး မြင်ဖူးခြင်းပါတဲ့။ 
          ဒီ ဆိတ်မလေးဟာ နှုတ်ခမ်းနှစ်ခုကွဲနေပြီးတော့ မျက်လုံးဟာ နှစ်လုံး ပါရှိရမည့် အစား ဦးခေါင်းအလည်တည့်တည့်မှာ တစ်လုံးထဲပါဝင်လာခြင်းဖြစ်ပါတယ်။  ခုတော့ ဆာမိရဲ့ ခြံထဲမှာ ထူးထူးဆန်းဆန်း မျက်စေ့တစ်လုံးထဲပါတဲ့ ဆိတ်ကို လာကြည့်ကြတဲ့လူတွေနဲ့ စည်ကားနေပါသတဲ့။  ဒါဟာ မျိုးရိုးဗီဇ မူမမှန်မှု့ကြောင့် ဖြစ်ပြီးတော့ ဆိတ်ရဲ့ ခရိုမိုဆုမ်းပြောင်းလဲမှု့မှာ မူမှန်ဖြစ်ခြင်းကြောင့် ဖြစ်တယ်လို့လဲဆိုပါတယ်။  

Source : (Link)

4 comments:

  1. ကမ္ဘာ့အကျဉ်းဆုံးအိမ်ကလေးကနေ စေတစ်လုံးဆိတ်အထိ ထူးခြားဆန်းပြား အံ့သြဖွယ်ရာတွေ လာဖတ်သွားတယ် မောင်အောင်ထွဋ်ရေ။ တီတင့်ခရီးလွန်နေလို့ စာကြွေးတွေများကြီးဖြစ်သွားတယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ထူးဆန်းလိုက်တာနော်

    ReplyDelete
  3. လူတွေတင်ထူးထူးဆန်းဆန်းမွေးတာ မဟုတ်ဘူး
    တိရိစ္ဆာန်တွေလဲ ထူးထူးဆန်းဆန်းဖြစ်လာပြီနော်
    ကြည့်ရတာ တစ်မျိုးကြီးဘဲ..

    ReplyDelete
  4. မျက်လုံးက တစ်လုံးထဲ။ ပိန်လိုက်တာလဲ လွန်ရော။
    ဒီလောက် လူတွေ လာကြည့်ကြတာတောင် အစာဝအောင် မစားရရှာဘူး ထင်ပါရဲ့။

    ReplyDelete