စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Sunday, July 22, 2012

PSPC – Performance Standard for Protective Coating အကြောင်း



          ဒီပိုစ့်က သင်္ဘောတည်ဆောက်မှု့နဲ့ သက်ဆိုင်တဲ့ ပိုစ့်ဖြစ်လို့ သင်္ဘောတည်ဆောက်မှု့ လိုင်းက မဟုတ်သော စာဖတ်သူတွေအတွက် ပျင်းစရာကောင်းမှာပါ။  PSPC စတော့ သင်္ဘောကျင်းတွေ ကျယ်ကျယ်လောင်လောင် အသံထွက်လာသည်။  အထူးသဖြင့် Ballast Tank တွေနဲ့ ပါတ်သတ်ပြီးတော့ ပိုမိုတင်းကျပ်လာသည်။  သင်္ဘောစတင်တည်ဆောက်ချိန်မှစပြီးတော့ Ballast Tank တွေမှာ ပိုမိုပြီးတော့ အလုပ်တွေများလာမည်၊ စသည်၊ စသည်ဖြင့်။ ဒီတော့ PSPC နဲ့ပါတ်သတ်ပြီးတော့ အနည်းငယ်လေး တင်ပြပါရစေ။

PSPC ရဲ့ သတ်မှတ်မှု့များ
          နံပါတ်တစ်အနေနဲ့ PSPC ကို ဘယ်သင်္ဘောတွေမှာ မဖြစ်မနေ လိုက်နာဆောင်ရွက်ရမလဲဆိုတာပါ။  ၁) International Maritime Organization (IMO) က resolution MSC. 215(82) အနေနဲ့ ၂၀၀၈ ခုနှစ် ဇူလိုင် ၁ရက်နေ့မှာ စတင်ပြီးတော့ သင်္ဘောအသစ်ဆောက်ဖို့ စာချုပ်ချုပ်တဲ့ သင်္ဘောတွေအတွက် လိုက်နာရမည်လို့ ပြဋ္ဌာန်းပါတယ်။  ဒါပေမယ့် သင်္ဘောအားလုံးကိုတော့မဟုတ်ပါဘူး။  Gross Tonnage ၅၀၀ အထက်သင်္ဘောတွေနဲ့ Double-side skin ပုံစံနဲ့ ဆောက်တဲ့ Bulk Carrier သင်္ဘော (မီတာ ၁၅၀ အထက်) ဆိုရင်  PSPC ကို မဖြစ်မနေ လိုက်နာရမှာပါ။  (ဆိုလိုတာက Gross Tonnage ၅၀၀ အထက် သင်္ဘောတွေရဲ့ Ballast Tanks တွေရယ်၊ မီတာ ၁၅၀ အထက်ရှိတဲ့ Double skin Bulk Carrier သင်္ဘောတွေရဲ့ Ballast Tanks တွေနဲ့ Double Bottom Tanks တွေရယ် မှာ PSPC ကို မဖြစ်မနေ လိုက်နာရမယ် ဆိုတာပါ။)

၂) ဒါ့အပြင် ၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့မှာ နောက်ထပ် အကျုံးဝင်လာမည့် သင်္ဘောတွေလည်း ရှိပါသေးတယ်။  ဒီသင်္ဘောတွေအတွက် IMO က resolution MSC. 288(87) အနေနဲ့ ထပ်မံ ပြဋ္ဌာန်းထားပါတယ်။  MSC. 288(87) မှာ အကျုံးဝင်လာမည့် သင်္ဘောတွေကတော့ တန် ၅၀၀၀ deadweight အထက်ရှိတဲ့ Oil Tanker တွေထဲက Crude Oil Tanker တွေ ပဲဖြစ်ပါတယ်။

ခုလောလောဆယ်မှာတော့ International Maritime Organization (IMO) က Safety of Life At Sea (SOLAS) regulations တွေထဲမှာ resolution MSC.216(82) နှင့် MSC.291(87) တို့ကို ထပ်မံထည့်သွင်းပြီး PSPC စနစ်နဲ့ သင်္ဘောတွေကို တည်ဆောက်ဖို့ အတည်ပြု ပြဋ္ဌာန်းထားပါတယ်။  ဒါ့ကြောင့် SOLAS II-1/3-2 regulation မှာ IMOရဲ့ MSC.215(82) အကျုံးဝင်နေတာကို တွေ့ရမှာပါ။ ဒါ့အပြင် နံပါတ် ၂ မှာပြောခဲ့တဲ့ resolution MSC.288(87) ဟာလည်း SOLAS ရဲ့ Chapter II-3-2 regulation တွေထဲမှာ ၂၀၁၃ ဇန်န၀ါရီ ၁ ရက်နေ့ကစပြီးတော့ သက်ရောက်လာမှာပါ။ 


PSPC အတွက် ပြင်ဆင်မှု့များ
          ဒီတော့ သင်္ဘောကျင်းတွေအနေနဲ့ PSPC ပြဋ္ဌာန်းချက်တွေထဲမှာ ပါဝင်တဲ့ သင်္ဘောတွေကို တည်ဆောက်ရာမှာ ဘာတွေ ပြင်ဆင်သင့်ပါသလဲ? သင်္ဘောပိုင်ရှင်တွေကရော ဘာတွေပြင်ဆင်သင့်ပါသလဲ? 
          အဓိကကတော့ TPA နဲ့ CTF က အဓိက အခန်းက ပါဝင်လာမှာပါ။  TPA ဆိုတာက Tripartite Agreement လို့ခေါ်တဲ့ သင်္ဘောတည်ဆောက်သူ သင်္ဘောကျင်းတွေရယ်၊ သင်္ဘောတည်ဆောက်ဖို့ အပ်နှံမည့် သင်္ဘောပိုင်ရှင်တွေရယ် နှင့် သင်္ဘောဆေးရောင်းချသူကုမ္ပဏီတွေကြားမှာ သင်္ဘော စတင်မတည်ဆောက်ခင်ကထဲက သံပြားတွေရဲ့ Surface Preparation ကို ဘယ်လို စစ်ဆေးမယ်၊ Secondary Surface Preparation အတွက် ဘယ်လို စစ်ဆေးမယ်၊ သင်္ဘောဆေးသုတ်မယ့် အဆင့်တိုင်းမှာ ဘယ်လို process နဲ့ ဆောင်ရွက်မယ်၊ သင်္ဘောကျင်းရဲ့ အတွေ့အကြုံနဲ့ facility တွေဟာ PSPC သင်္ဘောတည်ဆောက်တဲ့အခါမှာ အဆင်ပြေနိုင်၊ မပြေနိုင် စတာတွေကို ကြိုတင်သဘောတူ လက်မှတ်ထိုးထားတဲ့ သုံးပွင့်ဆိုင် သဘောတူညီမှု့ကို ဆိုလိုပါတယ်။ 

နောက်တစ်ခုကတော့ CTF လို့ခေါ်တဲ့ the final Coating Technical File လို့ခေါ်တဲ့ သင်္ဘောဆေးသုတ်တဲ့ အဆင့်တိုင်းအတွက် မှတ်တမ်းဖြစ်ပါတယ်။  ဒီ စာရွက်ကလေးဟာ သင်္ဘောတစ်စီးရဲ့ PSPC ဆေးစနစ် သက်တမ်းကြာရှည်ခံနိုင်စေဖို့အတွက် သင်္ဘောကျင်းက သင်္ဘောအသစ်ကို တည်ဆောက်နေစဉ်အတွင်းမှာ မှတ်တမ်းအားလုံးကို သိမ်းဆည်းပေးမယ့် သောချက်တစ်ခုဖြစ်ပါတယ်။  ဒါကတော့ ၃ ပွင့်ဆိုင် ကြိုတင် သဘောတူညီမှု့ဖြစ်ပါတယ်။  နောက်ပြီးရင်တော့ IMO ရဲ့ အခန်းကဏ္ဍအကြောင်းလေး ရှင်းပြပါရစေ။

PSPC အတွက် IMO ရဲ့ အခန်ကဏ္ဍ
          Classification Society တွေဟာ IMO ရဲ့ regulatory body တွေဖြစ်တာကြောင့် အဆိုပါ သုံးပွင့်ဆိုင် သဘောတူညီချက် TPA ဟာ IMO ကပြဋ္ဌာန်းထားတဲ့ PSPC အတွက် ပြဋ္ဌာန်းချက်တွေအတိုင်း လိုက်နာခြင်း ရှိမရှိ၊ အရည်အသွေး ပြည့်မှီခြင်းရှိမရှိ စသည်တို့ကို စစ်ဆေးပါတယ်။  IMO PSPC အရ primary surface preparation နဲ့ secondary surface preparation တွေမှာ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် သံပြားတွေမှာ ပျော်ဝင်နိုင်တဲ့ ဆားပမာဏတိုင်းတာမှု့ (Soluble salt measurement procedure)၊ ဆားပါဝင်ခဲ့ရင် ပါဝင်တဲ့ ဆားတွေကို သန့်စင်မှု့ အဆင့် (salt cleaning procedure)၊ နောက်ပြီးတော့ သင်္ဘောဆေးရဲ့အထူ (maximum dry film thickness (DFT)) စစ်ဆေးမှု့ စတာတွေပါ။  DFT တိုင်းတာရာမှာလည်း ပွိုင့်တစ်ပွိုင့်ထဲကို မတိုင်းတာပဲ ၁၀ x ၁၀ စတုရန်း စင်တီမီတာအတွင်းမှာ အနည်းဆုံး အကွာအဝေးတူညီတဲ့ ပွိုင့် ၅ ပွိုင့် တိုင်းတာပြီးတော့ အဆိုပါရတဲ့ ၅ ပွိုင့်ကို အချိုးချပြီးတော့ DFT ပမာဏကို တိုင်းတာရပါတယ်။ 
          နောက်ပြီးတော့ သံပြားတွေကို သယ်ဆောင်ရာမှာသော်လည်းကောင်း၊ သံပြားများကို ဖြတ်ရာမှာလည်းကောင်း အရေးကြီးတဲ့အချက်တွေလည်းရှိပါတယ်။  တစ်ကယ်လို့ သံပြားတွေကို submerged cutting နည်းနဲ့ဖြတ်မယ်ဆိုရင် သံပြားတွေကို နှစ်မြှုပ်ထားမယ့် အရည်ဟာ ဆားကဲ့သို့သော်၊ သို့မဟုတ် အခြားသော သံချေးတက်နိုင်တဲ့ ဓာတ်သတ္တုတွေ ပျော်ဝင်နေတဲ့ အရည် မဖြစ်ဖို့ အရေးကြီးပါတယ်။ 
          ဒါ့ကြောင့် PSPC သင်္ဘောစတင်မဆောက်ခင်မှာ သက်ဆိုင်ရာ Party တွေက မရှင်းလင်းတဲ့ အချက်အလက်တွေ အကုန်လုံးကို ပွင့်ပွင့်လင်းလင်း မေးမြန်းစုံစမ်းခြင်းဖြင့် သင်္ဘောတည်ဆောက်တဲ့အခါမှာ ဖြစ်ပေါ်လာနိုင်တဲ့ မလိုလားအပ်တဲ့ အမှားတွေကို ရှောင်လွှဲနိုင်ပါတယ်။  Classification Society တွေကို တင်ပြမယ့် TPA ထဲမှာ Coating Technical File (CTF) ကိုလည်း ထည့်သွင်းပြီး Class တွေရဲ့ approval ကို ယူရမှာဖြစ်ပါတယ်။

Qualified Coating Inspector
          PSPC သင်္ဘောတစ်စီးဆောက်ဖို့ဆိုရင် Classification Society တွေက အရည်အသွေးပြည့်မှီတဲ့ စစ်ဆေးသူတွေကို ပံပိုးပေးပါတယ်။  IMO PSPC အတွက် qualified coating inspector တစ်ယောက်ဟာ NACE (National Association of Corrosion Engineers – NACE International) CIP (Coating Inspector Program) Level 2 အနည်းဆုံးရှိရပါမယ်။ ဒါ့မှမဟုတ်ရင် FROSIO (the Norwegian Professional Council for Education and Certification of Inspectors for Surface Treatment) Inspector Level III ဒါမှမဟုတ် တူညီတဲ့ လက်မှတ် ရှိရမှာဖြစ်ပါတယ်။  ဒီလိုမှမဟုတ်ပဲ အခြားသော အဆင့်အတန်းတူ လက်မှတ်ရှိသူတွေကိုတော့ သက်ဆိုင်ရာ Administration ဒါမှမဟုတ်  Classification Society တွေက စစ်ဆေးမှာပါ။  အသိအမှတ်ပြု လက်မှတ်ရှိရမည့်အပြင် Coating Inspector တစ်ယောက်ဟာ IACS PR 34 နှင့် UI 223 လိုအပ်ချက်အရ အနည်းဆုံး လုပ်သက် ၂ နှစ်ရှိရမှာဖြစ်ပါတယ်။  ဒီတော့ လက်မှတ်ရှိပြီး အတွေ့အကြုံမရှိသေးတဲ့ PSPC coating inspector တွေဟာ asst. Coating Inspector အဖြစ်နဲ့ လိုက်ပါပြီး အတွေ့အကြုံယူပြီး ၂ နှစ် အတွေ့အကြုံပြည့်တော့မှ Coating Inspector အဖြစ် coating inspector အဖြစ် ရပ်တည်နိုင်မှာဖြစ်ပါတယ်။
          အရည်အသွေးပြည့်မှီတဲ့ Coating inspector တစ်ယောက်ရဲ့ သင်္ဘောသုတ်ဆေး specification အကြောင်းကို အပြည့်အ၀နားလည်ပြီးတော့ စံမှီ လက်ခံနိုင်တဲ့ criteria တွေကို သိရှိရမှာ ဖြစ်ပါတယ်။  နောက်ပြီးတော့ သူဟာ သုံးပွင့်ဆိုင် သဘောတူညီမှု့ထဲမှာ ပါဝင်တဲ့ အချက်အလက်တွေပေါ်မူတည်ပြီး သူရဲ့ တာဝန်ယူနိုင်မှု့နဲ့ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေကိုလည်း ခွဲခြားသိရှိနိုင်ရမှာ ဖြစ်ပါတယ်။  ဒါ့အပြင် Coating Inspector ဟာ သင်္ဘောဆေး ကုမ္ပဏီတွေရဲ့ Coating Representative တွေကိုလည်း PSPC နဲ့ပါတ်သတ်တဲ့ အချက်အလက်တွေ၊ အသုံးဝင်မယ့် နည်းလမ်းတွေ၊ သဘောသဘာဝတွေကို နည်းလမ်းပြပေးနိုင်ရမှာ ဖြစ်ပါတယ်။  သင်္ဘောတစ်စီးရဲ့ Coating Quality အတွက် coating inspector တစ်ယောက်ရဲ့ တာဝန်ယူနိုင်မှု့ဟာ အခြေခံ အုတ်မြစ်တစ်ခု ဖြစ်ပါတယ်။

Primary Surface Preparation
          အစကောင်းမှ အနှောင်းသေချာ ဆိုသလို သင်္ဘောတစ်စီးရဲ့ သင်္ဘောဆေးတွေ ပျက်စီးမှု့ရဲ့ အကြောင်းအရင်းကို ဆန်းစစ်လိုက်ရင် ၇၀% အထက်ဟာ Primary Surface Preparation အဆင့်မှာ သေသေချာချာ surface preparation မလုပ်ခဲ့လို့ဖြစ်ပါတယ်။  PSPC ရဲ့ ရည်မှန်းချက်ဟာ သင်္ဘောဆေးကို ၁၅ နှစ်အထိ သက်တမ်းရှည်ကြာစွာ ခံနိုင်စေဖို့ဖြစ်ပါတယ်။
          သင်္ဘောတစ်စီးရဲ့ တည်ဆောက်မှု့ကို ကြည့်လိုက်ရင် သံပြားလို့ ခေါ်တဲ့ Steel Plate တွေနဲ့ Profile Beams တွေ ပါဝင်မှာ ဖြစ်ပါတယ်။  Profile Beams မှာတော့ Transverse Web, Longitudinal Girder တွေ၊ L-bar ဒါမှမဟုတ် Holland Profile တွေနဲ့ သံပြားနှင့် Profile beams တွေ တွဲစပ်ရာမှာလိုအပ်တဲ့ Brackets တွေ ဖြစ်ပါတယ်။  ဒီတော့ PSPC သင်္ဘောဆောက်မည့် သင်္ဘောကျင်းအတွက် အဓိကလိုအပ်ချက်ကတော့ Automatic Shop Primer Plant ပဲဖြစ်ပါတယ်။  ဒါမှမဟုတ်ရင်တော့ primary surface preparation stage မှာ လက်ဝင်လွန်းပြီးတော့ အလုပ်တွင်မှာ မဟုတ်ပါဘူး။  PSPC အတွက် အဆိုပါ သံပြားနဲ့ Profiles တွေကို ပထမဆုံး Sa 2.5 နှင့် Surface profile roughness ၃၀-၇၅ မိုင်ခရွန်မီတာ ရရှိအောင် Grid Blast လုပ်ရပါတယ်။  ဒီအတွက် အချို့သော သင်္ဘောကျင်းတွေမှာတော့ Automatic Grit/Sand Blasting Machine တွေ ရှိကြပါတယ်။  အရေးအကြီးဆုံးအချက်ကတော့ PSPC အတွက် အသုံးပြုမယ့် သံပြားတွေ blast မလုပ်ခင်မှာ သံပြားမှာ ပေကျံနိုင်တဲ့ ဆီချေးတွေ၊ စက်ဆီတွေ၊ ဆားတွေ၊ အမှုန်တွေ၊ စတာတွေကို သန့်အရင် သန့်ရှင်းရပါတယ်။  အမှုန်တွေနဲ့ ဆားတွေကို Pressureမြင့် ရေပိုက်နဲ့ ထိုးဆေးလို့ရပေမယ့် စက်ဆီတွေ၊ ချောစီတွေ ပေကျံရင်တော့ Thinner  နဲ့ ဆေးရပါတယ်။  PSPC primary surface treatment က ထွက်လာတဲ့ သံပြားတွေကို primer ဆေးမသုတ်ခင်မှာ လိုအပ်တဲ့ Sa 2.5 blasting quality ရှိမရှိ၊ surface roughness 30-75 မိုက်ခရွန်မီတာ ရှိမရှိ၊ ဆားပါဝင်နှုန်း စတာတွေကို စစ်ဆေးပါတယ်။  ပြီးရင်တော့ automatic painting machine ထဲကို ဖြတ်ပြီးတော့ primer ဆေးသုတ်ပြီး ထိုမှထွက်လာတဲ့ သံပြားတွေကိုတော့ DFT စစ်ဆေးမှာဖြစ်ပါတယ်။







Steel Works
          Primary surface preparation လုပ်ပြီးသွားတဲ့ သံပြားတွေကိုတော့ သင်္ဘောတည်ဆောက်မှု့မှာ စတင် အသုံးပြုမှာဖြစ်ပါတယ်။  T-web တွေကတော့ ထုံးစံအတိုင်း သံပြား ၂ ပြား တွဲစပ်ရတာမို့လို့ Welding ကို ရှောင်လွှဲလို့မရနိုင်ပါဘူး။  Steel work စရင် အရေးကြီးတာက PSPC အတွက် အကျုံးဝင်တဲ့ သံတွေအားလုံးရဲ့ Sharp Edge တွေအားလုံးကို အချောသပ်ပေးရတာပါ။  Sharp Edge တွေဆိုရာမှာ သံဖြတ်လို့ဖြစ်ပေါ်လာတဲ့ အစွန်းတွေ၊ Flanges တွေရဲ့ အစွန်းတွေ၊ scallops holesတွေ၊ draining/air/key/lightening holes စတာတွေ အားလုံးပါဝင်ပါတယ်။  PSPC ရဲ့ သတ်မှတ်ချက်ကတော့ Sharp edges တွေအားလုံးကို ၂ မီလီမီတာ round radius ရရှိအောင် အချောသပ်ပေးရမယ်ဆိုတာပါပဲ။ 

          Small holes, scallps တွေနဲ့ ပုံသဏ္ဍာန်မမှန်တဲ့ အပေါက်ငယ်လေးတွေကိုတော့ manual grinding နဲ့ အချောသပ်ပေးရမှာပါ။  Stiffener plates (L-bar) သုံးမယ်၊ T-web တွေအတွက်ကတော့ အချို့သင်္ဘောကျင်းတွေမှာ အနားသပ်ပေးတဲ့ စက်တွေရှိပါတယ်။  ဒါဆိုရင်တော့ Productivity ပိုပြီးတော့ တက်ပါတယ်။  Block fit-up stage ပြီးလို့ block တစ်ခုလုံးကို welding ဆွဲပြီးပြီဆိုရင်တော့ welding လိုင်းတွေကို ISO 8501-2 P2 ရဲ့ လိုအပ်ချက်အတိုင်း treated လုပ်ပေးဖို့လိုပါတယ်။  နောက်ပြီးတော့ Block Structure ကို NDT (non-destructive tests) စစ်ဆေးဖို့ UT, RT တွေကို လိုအပ်တဲ့အတိုင်း စစ်ဆေးရပါမယ်။  ဒီအတွက် NDT fail တဲ့ structure တွေကို Block blasting မစခင်မှာ ပြင်နိုင်ပြီးတော့ PSPC အတွက် ထိခိုက်မှု့ မရှိစေမှာ ဖြစ်ပါတယ်။


         
Secondary Surface Preparation and Coating Application
          Block တွေ ပြီးစီးသွားပြီဆိုရင်တော့ Blasting လုပ်မယ့် ရုံထဲကို ပို့မှာပါ။  PSPC အကျုံးဝင်မယ့် blocks တွေအတွက်ကတော့ Structure ပြီးရုံတင်မက outfitting ဖြစ်တဲ့ permanent means of access (PMA) တွေဖြစ်တဲ့ rails, ladders, independent platforms စတဲ့ စတဲ့ outfitting items များ၊ ballast pipe တွေ၊ tunnels တွေ ပါဝင်ခဲ့ရင်လည်း အဆိုပါ အားလုံးကို ပြီးစီးတော့မှ blasting လုပ်တာ အကောင်းဆုံးဖြစ်ပါတယ်။ Secondary surface preparation မှာတော့ block construction stage မှာ primary surface preparation က ဆေးတွေဟာ welding၊ corrosion၊ burn marks တွေကြောင့် အချို့ ပျက်စီးသွားတဲ့အတွက် ထို block ကို  Sa 2.5 အထိရအောင် blasting လုပ်ရပါတယ်။  သင်္ဘောကျင်းတော်တော်များများကတော့ ပျက်စီးသွားတဲ့ ဆေးသားနေရာကိုကွက်ပြီးတော့ Blasting လုပ်တာထက် Block တစ်ခုလုံးကို Blasting လုပ်ကြပါတယ်။  ဒါဟာ ပိုပြီးတော့ အချိန်ကုန်သက်သာလို့ဖြစ်ပါတယ်။  အရည်အသွေးလည်း ပိုကောင်းပါတယ်။ Blasting လုပ်တဲ့နေရာမှာ သတိထားရမှာကတော့ block တစ်ခုလုံးကို Blasting သေသေချာချာလုပ်ဖို့ပဲဖြစ်ပါတယ်။  Sa 2.5 မပြည်တဲ့ နေရာတွေကို Grinding လုပ်ရင်လည်း PSPC လိုအပ်ချက်အရ ၃% ထက်ပိုသွားရင် grinding နဲ့ repair လုပ်တာကို လက်မခံပါဘူး။  ဘာဖြစ်လို့လဲဆိုတော့ Grinding ဟာ PSPC ကလိုအပ်တဲ့ မျက်နှာပြင်ကြမ်းတမ်းမှု့ (Surface roughness) ကို ပျက်စီးစေတာကြောင့်ဖြစ်ပါတယ်။



          Block blasting ပြီးသွားရင်တော့ coating inspector ကနေပြီးတော့ block ဟာ grit ကင်းစင်ပြီးတော့၊ ဖုန်တွေဖယ်ရှားပြီး သန့်ရှင်းမှု့၊ surface roughness (မျက်နှာပြင် ကြမ်းတမ်းမှု့)၊ ဆားပါဝင်မှု့၊ ဆီ၊စက်ဆီနှင့်အခြားသော အရာများ ကပ်ညှိမှု့ ရှိမရှိ၊ လေထုနှင့် သံပြားရဲ့ အပူချိန်၊ relative humidity၊ blasting hall ထဲမှာရှိတဲ့ ventilation စတာတွေကို စစ်ဆေးပြီး လက်ခံအတည်ပြုခဲ့ရင်တော့ coating ကို အမြန်ဆုံး စတင်ရမှာဖြစ်ပါတယ်။

          ဆေးသုတ်တဲ့အခါမှာ first coat spray နဲ့ strip coat ကို ဘယ်ဟာ အရင်လုပ်ရမယ်လို့ PSPC အရ ခွဲခြားထားခြင်းမရှိပါဘူး။  First coat spary ကို သင်္ဘောကျင်းတော်တော်များများ blasting ပြီးတဲ့ block တွေမှာ အသုံးပြုကြပါတယ်။  Striping ကိုတော့ first coat မပြီးခင် မသုံးတာအကောင်းဆုံးပါပဲ။  များသောအားဖြင့်ကတော့ first coat ပြီးတော့မှ stripe coat ကို လိုက်ကြပါတယ်။  ဆေးကတော့ အနည်းဆုံး နှစ်လွှာသုတ်ရမှာဖြစ်ပါတယ်။  ဒါပေမယ့် ဆေးတစ်လွှာခြင်းရဲ့ အထူ DFT ကိုတော့ PSPC မှာ ထည့်သွင်းဖော်ပြထားခြင်းမရှိပါဘူး။  ဆိုလိုတာက ပထမဆေးအလွှာဟာ ၂၀ မိုက်ခရွန် မီတာ ရှိကောင်းရှိနိုင်ပြီး ဒုတိယ ဆေးအလွှာဟာ ၃၀၀ မိုင်ခရွန်မီတာ ရှိကောင်းရှိနိုင်ပါတယ်။  ဒါပေမယ့် စုစုပေါင်း ဆေးနှစ်လွှာရဲ့ ဆေးသားအထူ Nominal Dry Film Thickness (NDFT) ၃၂၀ မိုင်ခရွန်မီတာ ရှိရင် PSPC က လက်ခံပါတယ်။  ဒါပေမယ့် သုံးပွင့်ဆိုင် သဘောတူညီမှု့ထဲမှာ ဆေးသားတစ်လွှာခြင်းဟာ အနည်းဆုံး ၁၆၀ မိုင်ခရွန်မီတာ ရှိရမယ်ဆိုရင်တော့ သင်္ဘောကျင်းများအနေနဲ့ Paint specification အတိုင်း လိုက်နာရမှာဖြစ်ပါတယ်။  ဒါဟာ PSPC လိုအပ်ချက်ကြောင့်တော့ မဟုတ်ပါဘူး။

          အချို့သော သင်္ဘောကျင်းတွေမှာတော့ blasting ရုံတွေမရှိတာကြောင့် block blasting တွေကို အပြင်မှာပဲ လုပ်ကြရပါတယ်။  ဒီအခါမှာ ရာသီဥတု အခြေအနေ၊ Humidity control စတာတွေဟာ အရေးအကြီးဆုံး အစိတ်အပိုင်းဖြစ်လာပြီးတော့ IMO PSPC ရဲ့ လိုအပ်ချက်က ပြည့်မှီဖို့ မလွယ်လှပါဘူး။

Erection
          Block stage painting ပြီးသွားတဲ့ block တွေကိုတော့ block erection တွဲဆက်မှာဖြစ်ပါတယ်။  ဒီနေရာမှာ အရေးကြီးတာက စောစောက block painting လုပ်တဲ့အချိန်မှာ block erection joint နေရာတွေ၊ tank water-tightness test လုပ်မယ့် welding seam line တွေကို ဆေးမသုတ်ပဲနဲ့ ချန်ထားခဲ့ဖို့ဖြစ်ပါတယ်။ ဒီအတွက် အကောင်းဆုံးနည်းလမ်းကတော့ အဆိုပါနေရာတွေကို masking tape ကပ်ထားခြင်းပါပဲ။  block painting stage (secondary surface preparation) မှာတုန်းက blasting လုပ်ပြီးသာ block တွေကို ၃% ထက်ကျော်ပြီးတော့ grinding လုပ်ခွင့်မရှိဘူးလို့ ပြောခဲ့ပါတယ်။  Erection အဆင့်မှာတော့ erection butt joint နေရာတွေနဲ့ အခြားသော ပျက်စီးသွားတဲ့ နေရာအနည်းငယ်အတွက် grinding နဲ့ power tooling အသုံးပြုခွင့်ပေးပါတယ်။
          ဒါပေမယ့် PSPC principle အရ tank တစ်ခုလုံးဟာ GOOD condition မှာရှိနေစေဖို့၊ ဆေးသား သက်တမ်း ၁၅ နှစ်ခံနိုင်စေဖို့အတွက် tank တစ်ခုလုံးရဲ့ ၃% ကိုကျော်ပြီးတော့ Grinding လုပ်ခွင့်မရှိပါဘူး။  ဒီအတွက် နောက်နည်းလမ်းတစ်ခုကတော့ အဆိုပါ erection joint တွေနဲ့ tank tightness အတွက် ချန်ထားတဲ့ seam line တွေကို special blasting tools နဲ့ blast လုပ်ရင်တော့ အကောင်းဆုံးပါပဲ။  ခုနောက်ပိုင်းမှာ PSPC အတွက် သီးသန့် ထုတ်လုပ်ထားတဲ့ special blasting tools တွေ ရှိလာနေပြီဖြစ်ပါတယ်။ 
          Erection stage မှာ အထက်မှာတုန်းကပြောခဲ့တဲ့ special blasting tool မရှိဘူး ဆိုရင်တော့ အထူးသတိထားရမည့်အချက်ဟာ erection butt joint နဲ့ tightness welding seam line တွေကလွဲပြီးတော့ ကျန်တဲ့ Tank coating ကို ၂%ထက်ကျော်ပြီးတော့ ပျက်စီးစေခြင်း မရှိရဆိုတာပါ။  တစ်ကယ်လို့ ၂%ထက်ကျော်သွားခဲ့ရင်၊ special blasting tool မရှိခဲ့ရင် Tank တစ်ခုလုံးကို re-blasting လုပ်ရမှာဖြစ်ပါတယ်။  ဒီအတွက် သင်္ဘောကျင်းရဲ့ အဓိက အရေးအကြီးဆုံးကတော့ PSPC tanks တွေကို မလိုလားအပ်တဲ့ ထိခိုက်မှု့တွေကနေ တတ်နိုင်သမျှ ရှောင်လွှဲဖို့ ဖြစ်ပါတယ်။
          Crude oil tanker တွေအတွက် tank top area တွေမှာတော့ PSPC က ၂၀% အထိ power tooling လုပ်ခွင့်ပေးပါတယ်။ 

          IMO ရဲ့ PSPC မှာ Block erection ရဲ့ ဧရိယာကို တိတိကျကျ သတ်မှတ်ထားခြင်းမရှိပါဘူး။  ဆိုလိုတာက Erection အဆင့်မှာ အချို့သော mis-alignment တွေကြောင့် T-web တွေ၊ stiffener တွေကို adjustment လုပ်ရတဲ့အခါမှာ Burn marksတွေ၊ welding တွေကြောင့် ပျက်စီးရတာမျိုးတွေအတွက် ဧရိယာသတ်မှတ်ချက်မရှိတာပါ။  erection butt joint တွေနဲ့ မသတ်ဆိုင်တဲ့ (ဥပမာ- erection stage မှာ bilge keel ဧရိယာတွေမှာရှိတဲ့ round brackets အကြီးစားတွေ misalignment ကြောင့် partial renew လုပ်ရတဲ့အခါမျိုး) မှာဆိုရင်တော့ ဒါကို ၂% tank damage calculation ထဲမှာ ထည့်သွင်း တွက်ချက်ပါတယ်။  အခြားသော burn marks တွေ၊ ဆေးသား ပွန်းပဲမှု့တွေကိုလည်း tank coating damage calculation ထဲမှာ ထည့်သွင်းတွက်ချက်ပါတယ်။  မည်သို့ပင်ဖြစ်စေ စုစုပေါင်း ဆေးသာ ပျက်စီးမှု့ဟာ 3% နှုန်းထက် ကျော်လွန်လို့တော့ မရပါဘူး။  ကျော်လွန်သွားရင် grinding, power tooling နည်းနဲ့ ပြုပြင်ခြင်းကို လက်မခံပါဘူး။

          ပျက်စီးသွားတဲ့ ဆေးသားနေရာတွေကို special blasting tool နဲ့ဖြစ်ဖြစ်၊ grinding ဖြစ်ဖြစ် ပြုပြင်ပြီးရင်တော့ နဂိုမူလရှိနေတဲ့ ဆေးသားလွှာနဲ့ တစ်သားထဲဖြစ်အောင် နောက်ထပ်ဆေးမသုတ်ခင် မူလဆေးသားလွှာနဲ့ ပြုပြင်မယ့် နေရာစပ်ကြားနေရာကို fathering လုပ်ပေးရမှာဖြစ်ပါတယ်။

Final Coating Repairs
          Tanks တစ်ခုလုံး ပြီးစီးသွားတဲ့ အဆင့်(erection joint, tightness test ပြီးစီးတဲ့ အဆင့်) မှာတော့ သင်္ဘောကျင်းက QC, class ရဲ့ coating inspection, owner representatives နှင့် coating producer rep. တွေဟာ tank ရဲ့ ဆေးသားအလွှာ ပျက်စီးမှု့ကို joint inspection အဖြစ် ကြည့်ရှု့ရပါတယ်။  ပြီးရင်တော့ PSPC အရ လက်မခံနိုင်တဲ့ နေရာတွေကို ပြုပြင်ရပါမယ်။  နောက်ဆုံး DFT measurement အဆင့်တိုင်းကို record လုပ်ပြီးတော့ သက်ဆိုင်ရာ parties တွေက လက်မှတ်ထိုးကြပါတယ်။

Onboard In-Service Maintenance and Repair
          PSPC tank တွေ GOOD condition မှာ ရှိနေစေဖို့၊ သက်တမ်း ၁၅ နှစ်ကြာ ခံနိုင်ဖို့ဟာ ပုံမှန် maintenance and repair လိုအပ်ပါတယ်။  လိုအပ်ရင်လိုအပ်သလို သင်္ဘောသားတွေဟာ minor touch-ups လုပ်ပေးရသလို၊ CTF from မှာလည်း ပြုပြင်မှု့တွေကို ဖြည့်သွင်းပေးရမှာဖြစ်ပါတယ်။
          တစ်ကယ်လို့ GOOD condition မှာမရှိတော့ဘူးဆိုရင်တော့ သင်္ဘောကျင်းတွေမှာ ပြန်လည် ပြုပြင်ရမှာဖြစ်ပါတယ်။  Classification တွေကတော့ Special Survey အနေနဲ့ ၅ နှစ်တစ်ကြိမ်လုပ်ပြီး intermediate survey အနေနဲ့ ၅ နှစ်သက်တမ်းကျော်မှာ နှစ်စဉ်နှစ်တိုင်း survey လုပ်မှာဖြစ်ပါတယ်။

          IMO (09/2010) အနေနဲ့ ပြုပြင် ထိန်းသိမ်းခြင်းတွေကို ရေးဆွဲထားပြီးတော့ အခု ဒါတွေကို လက်တွေ့အကောင်အထည်ဖော်ဖို့ review လုပ်နေပါတယ်။   အဲ့ဒီ IMO (09/2010) အတည်မပြုနိုင်သေးခင်မှာတော့ IACS Recommendation No. 87 နဲ့ Painting manufacture တွေရဲ့လိုအပ်ချက်အတိုင်း PSPC tanks တွေကို ထိန်းသိမ်း ပြုပြင်ရမှာ ဖြစ်ပါတယ်။


Coating Technical File (CTF)
          PSPC သင်္ဘောအတွက် CTF ဟာ အသက်ပါ။  CTF ကို သင်္ဘောသက်တမ်းတစ်လျှောက် သင်္ဘောပေါ်မှာ ထားရှိရမှာဖြစ်ပါတယ်။  သင်္ဘောတစ်စီး တည်ဆောက်ပြီးစီးသွားချိန်မှာ သင်္ဘောကျင်းရဲ့ CTF ကို flag stage က review လုပ်ရပါတယ်(များသေားအားဖြင့်ကတော့ classification society တွေက flag stage ကိုယ်စား review လုပ်ပေးပါတယ်)။  IMO PSPC ကတော့ CTF ထဲမှာ အနည်းဆုံး ဘာတွေပါဝင်ရမယ်ဆိုတာကို CTF(IMO PSPC 3.4) အရ သတ်မှတ်ထားပါတယ်။  လောလောဆယ်မှာတော့ CTF နဲ့ပါတ်သတ်ပြီး အသေးစိတ် ထပ်မံ ထည့်သွင်းဖို့ အချက်အလက်တွေကို ဆွေးနွေးနေကြတုန်းဖြစ်ပါတယ်။  နောင်မကြာခင်နှစ်များမှာတော့ CTF ဟာ ဒီထက် ပိုပြီး တင်းကျပ်လာမှာပါ။

         
References : 1) IMO PSPC resolution 215(82)
                 2) IMO PSPC implementation and 15 years of target useful coating life
                     (by ABS, Author : Chao Wei, Johnny Eliasson, Edward Jasen, Ge Wang, Roger I. Basu) 
                  

           

2 comments:

  1. အစ်ကိုရေဗဟုသုတရစေပါတယ်။ကျေးဇူးပါဘဲ။

    ReplyDelete
  2. မြန်မာအင်ဂျင်နီယာဖိုရမ်နဲ့ ဒူဒူကြီးရဲ့ ဘလောက်ဂ်မှာပြန်လည်ဖော်ပြဖို့၊ ကူးယူးသွားပါတယ်။

    ReplyDelete