စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, June 16, 2012

ဝယ်ကြဦးမလား Steve Jobs ဖဲထုတ်များ


          တရုတ်နိုင်ငံမှာတော့ သွားလေသူကြီး Steve Jobs ပုံရိပ်များနဲ့ ဖဲထုတ် ထုတ်ဝေလိုက်ပါပြီ။  မူပိုင်ခွင့်တွေ ဘာတွေလာမပြောနဲ့… ရွှေပြည်ကြီးမှာလိုပဲ မှတ်ပုံတင်ပြီးသား ဖြစ်ချင်ဖြစ်နေမှာပေါ့လေ…။  သွားလေသူကြီး သိရင်တော့ ငုတ်တုတ်ထထိုင်လေမလားပဲ။  ညွှန်းထားတာကတော့ ရှယ်ပါဗျား… ဟော့ဒီမှာသာ ဖတ်ကြည့်
“စတိဗ်ဟာ အိုင်ပေါ့ အလုံးပေါင်း သန်း ၁၀၀၊ အိုင်ပတ် ၁၀ သန်း၊ စတော့ရှယ်ယာတွေကို တက်စေခဲ့သူ၊ ကင်ဆာရောဂါ ကို ကြံကြံခံနိုင်ခဲ့တဲ့သူ၊ နှစ်ခါ ခွဲစိတ်ခံခဲ့ရသူ။  သမိုင်းမှာ တစ်ယောက်ဆို တစ်ယောက် ထွန်းထွန်းပေါက်ပေါက်။  သူ့လိုမျိုး ကမ္ဘာကြီးကို အံသြသွားအောင် လုပ်နိုင်ခဲ့တဲ့ လူ မရှိဘူး။  ၀တ်စုံတစ်မျိုး ထဲသာ ၀တ်ခဲ့တဲ့လူ။  သူ့ရဲ့ တီထွင်မှု့တွေနဲ့ ကမ္ဘာကြီးကို ကိုင်လှုပ်ခဲ့တဲ့လူ။  သူဟာ ကမ္ဘာကြီးကို ဘယ်လို စကားလုံးတွေနဲ့ ညှို့ယူဖမ်းစားရမယ်ဆိုတာ သိခဲ့တဲ့လူ။  ဟော့ဒီ ဖဲ ၅၄ ချပ်မှာတော့ စတိဗ်ဂျော့ဘ်(စ်)ရဲ့ ဓာတ်ပုံတွေပါဝင်ပြီးတော့ ကိုယ်ရေးအကျဉ်းတွေလည်း ပါပါတယ်။  စတဲ့ ဘာညာသတကာတွေရေးထားပါတယ်။  အဲ့ဒီအထဲမှာတောင်မှ ဘုရားသခင်က စတိဗ်ဂျော့ဘ်(စ်)ကိုတောင် မနာလိုဖြစ်ရတယ်ဆိုပဲ။  ဒီတော့ သူ့ကို တစ်သက်လုံး သတိရနေသူများ ဒီဖဲထုတ်ကို ၀ယ်ခြင်းအားဖြင့် သူ့ရဲ့ ကိုယ်ရေးအကျဉ်းကို ဖတ်နိုင်မှာ ဖြစ်ပါ သတဲ့”


          ဒီတော့ ဖဲ လေး ရိုက်လိုက် စတိဗ့်ဂျော့ မျက်နှာလေးပွတ်လိုက်နဲ့ လုပ်နိုင်ကြပါပြီ။  အဲ့… တစ်ခုတော့ ရှိတယ်ပေါ့လေ၊ ဖဲချပ်ပေါ်မှာ အကုန်လုံးကို တရုတ်လိုရေးထားတော့ ဖတ်ရင် ဘာမှ နားလည်မယ် မထင်…။  ဒီလို ဖဲချပ်နဲ့များ ပိုကာဒေါင်းလိုက်လို့ကတော့ ဖဲတစ်ချပ်ဆွဲလိုက် ကိုယ်ရေးရာဇ၀င် ကိုဖတ်လိုက်နဲ့ ရိုက်လို့ ပြီးမယ်ကိုမထင်…. ဈေးကတော့ မြန်မာငွေနဲ့တွက်ရင် ၂၀၀၀ ၀န်းကျင်ပါတဲ့။

Source : (Link)

5 comments:

  1. ကိုကိုမောင်(ပန်းရနံ့)June 16, 2012 at 8:02 AM

    မောင်အွတ်ထောင်တစ်ယောက်ကော ၀ယ်ပြီးပြီလား။ အဲဒီ ဖဲထုပ်။

    ReplyDelete
  2. အိုကေဗျာ..အခုသုံးနေတဲ့ကောင် ကျိုးတာနဲ့ ၀ယ်လိုက်ပါ့မယ် :D

    ReplyDelete
  3. ဖဲမရိုက်တတ်လို့မ၀ယ်တော့ဘူးး))

    ReplyDelete
  4. ကင်း၊ကွင်းပါတဲ့ ဟာတောင် ရိုက်တတ်အောင် မနည်းသင်ပေးရတာ..ခုလိုဆိုရင်တော့ ပိုကာဒေါင်းတတ်မယ် မထင်...

    ReplyDelete
  5. စကားမစပ် Status ကို သဘောကျ၏...
    မြန်မာစစ်သည်များ မိုးပေါ်ထောင် ပစ်မှု့ကြောင့် ရခိုင်ဒေသရှိ ကျီးကန်းများ၊ ဗျိုင်းများ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ တရားမ၀င် ၀င်ရောက်ကုန်ကြောင်း....
    ဘင်္ဂလားနိုင်ငံမှ အဆိုပါ တရားမ၀င်ဝင်ရောက်လာသောအကောင်များအတွက် များစွာ စိုးရိမ်မိကြောင်း...

    ReplyDelete