စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Monday, May 7, 2012

အော်ကီဂါဟာရ (သို့) ဂျပန်နိုင်ငံရဲ့ Suicide Forest


          အော်ကီဂါဟာရ ဆိုတဲ့ တောအုပ်ကလေးဟာ ဂျပန်လိုဘာသာပြန်ရင်တော့ သစ်ပင်တွေ ပင်လယ်ကြီးလို များပြားတဲ့ Sea of Trees လို့ အဓိပ္ပါယ်ရပါတယ်။  ဒီတော့အုပ်ကလေးဟာ ၁၄ မိုင်ပတ်လည် ကျယ်ဝန်းပြီးတော့ ဂျပန်နိုင်ငံရဲ့ အထင်ကရ တောင်ကြီးဖြစ်တဲ့ ဖူဂျီတောင်ရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိပါတယ်။  စိုစွတ်နေတဲ့ ဂူတွေ၊ ကျောက်တုံး ကျောက်ခဲ ထူထပ်နေတဲ့ ဒီသစ်တောလေးဟာတော့ နာမည်ကောင်းနဲ့ လူသိများတာ မဟုတ်ပါဘူး။  ဒီတောထဲမှာ မိမိကိုယ်ကို သတ်သေကြတဲ့လူတွေ များပြားလွန်းလို့ ဒီသစ်တောလေးကို သေကြောင်းကြံတဲ့ သစ်တောလို့ အမည်တွင်ပါတော့တယ်။ 
          ဒီသစ်တောဟာ ဂျပန်နိုင်ငံမှာတော့ မိမိကိုယ်ကို သေကြောင်းကြံစည်မှု့ အများဆုံး၊ ကမ္ဘာပေါ်မှာ အမေရိကန် ဆန်ဖရန်စစ်စကိုက Golden Gate တံတားကြီးပြီးရင် ဒုတိယ မိမိကိုယ်ကို သတ်သေတဲ့လူ အများဆုံး နေရာဖြစ်ပါသတဲ့။  ၂၀၀၄ ခုနှစ်မှာ လူ ၁၀၈ ယောက်ဟာ အဆိုပါ သစ်တောထဲမှာ မိမိကိုယ်ကို သတ်သေခဲ့ကြပြီး ၂၀၁၀ ခုနှစ်မှာတော့ ၂၄၇ ယောက်ဟာ မိမိကိုယ်ကို သတ်သေဖို့ အဆိုပါတောထဲမှာ ကြိုးစားကြပါသတဲ့။  ဒါ့ကြောင့် တာဝန်ရှိသူတွေက ဒီသစ်တောမှာ အင်္ဂလိပ်ရော ဂျပန် ဘာသာနဲကပါ မိမိကိုယ်ကို သတ်မသေကြဖို့၊ သတ်သေဖို့ကြိုးစားနေသူတွေကို တွေ့ရင် ကူညီကြဖို့ ဆိုင်းဘုတ်တွေ ချိတ်ထားရတယ်လို့ ဆိုပါတယ်။












Source : (Link 1, Link 2)

6 comments:

  1. အောင်မငေး ကြောက်စာဂျီး ကိုအားထောင် အောင်မငေးးးးးးးးးးးး

    ReplyDelete
  2. ဒီနေ့တောင် ကိုအောင်(ပျူ)ရဲ့ ဘလော့ဂ်ထဲမှာ ဒီတောအကြောင်းရေးထားလို့ ဖတ်လိုက်ရသေးတယ်။ ခုတော့ ဓါတ်ပုံနဲ့ကို မြင်ရပြီ။
    စလုံးမှာလည်း Pasaris က park တစ်ခုလည်း Suicide နာမည်ကြီးပဲတဲ့။

    ReplyDelete
  3. ((အောင်မလေးးး ...))
    ကြည့်ရတာ ကိုယ့်ဘာသာ သတ်သေဖို့ လာရင်း
    သရဲ ခြောက်ခံရပြီး လျောသွားကြတာများလား .. :D

    ခင်မင်လျှက်
    ဆောင်းနှင်းရွက်

    ReplyDelete
  4. ဗဟုသုတ ရတယ်ဗျာ... ဒါပေမယ့်ကိုအောင်ထွဋ် ဘလော့ခ်ရဲ့ ဘေးနားက hardline ဆိုတာကြီးက ကွယ်နေတော့ စာကောင်းကောင်းမဖတ်လိုက်ရဘူး.. ပုံတွေကြည့်သွားတယ်.. စိတ်ခြောက်ခြားစရာပါဗျာ.. ရခဲတဲ့ လူ့ဘ၀တစ်ခုကို.. လွယ်လွယ်ကူကူ လက်မြှောက်အရှုံးပေးသူတွေပေါ့...

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  5. အဲ.. ဖတ်လို့ရသွားပြီ.. ဘရောက်ဆာက ဖြစ်နေတာ.. ဟီး.. :P

    ReplyDelete
  6. ကျွန်တော့် headline ကို ဆိုဒ် အသေးအကြီးပြောင်းနေလို့ layout မမှန်ဖြစ်နေတာပါ ခင်ဗျာ။ အခု ပြင်လိုက်လို့ ကောင်းသွားပါပြီခင်ဗျ။ :)

    ReplyDelete