စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, May 15, 2012

နိုင်ငံရေးလောကထဲက မချောများ ၂


Eunice Olsen
          ၂၀၀၀ ခုနှစ်မှာ Miss Singapore Universe မယ်ဆုကို ဆွတ်ခူးထားတဲ့ ဒီ မဒီကညာကတော့ ၂၀၀၉ ခုနှစ်မှာလည်း အွန်လိုင်းကနေ အလှဆုံး အမျိုးသမီး နိုင်ငံရေးသမားတွေထဲမှာ ထိပ်ဆုံး ၁၀ ယောက် စာရင်းဝင်ပါသတဲ့။  ၂၀၀၄ ခုနှစ်မှာ Norminated Member of Parliament (NMP)ရဲ့ ကိုယ်စားလှယ်တစ်ယောက်ဖြစ်ပါတယ်။  ၂၀၁၀ စင်ကာပူမှာ လူငယ် အိုလံပစ်ပြိုင်ပွဲကျင်းပတော့ သူမဟာ စင်ကာပူ အလံကိုင်ပြီး လမ်းလျှောက်ခဲ့တဲ့ တစ်ယောက်ပါ။  စင်ကာပူ တီဗီ အစီအစဉ်တွေမှာ ပါဝင်သရုပ်ဆောင်သူ ဖြစ်သလို၊ လူမှု့ရေးလုပ်ငန်းတွေလည်း လုပ်ကိုင်နေပါတယ်။




Carla Bruni

          ဒီ အမျိုးသမီးကတော့ ပြင်သစ်သမ္မတဟောင်းကြီး ဆွာကိုဇီရဲ့ တတိယမြောက် ဇနီးသည် ဖြစ်ပြီး ၂၀၀၈ ခုနှစ်မှာ လက်ထပ်ခဲ့တာပါ။  မော်ဒယ်တစ်ဦးဖြစ်သလို၊ သီချင်းလည်း ရေးပါသတဲ့။ 

Toireasa Ferris

                အိုင်ယာလန်နိုင်ငံသူကတော့ ၁၉၈၀ခုနှစ်မှာ မွေးဖွားခဲ့ပြီး ၂၀၀၅ ခုနှစ်မှာ ကယ်ရီဒေသရဲ့ ပထမဆုံး အမျိုးသမီး မြို့တော်ဝန်ဖြစ်ခဲ့ပါတယ်။  လောလောဆယ်မှာတော့ ကယ်လီကောင်တီ ကောင်စီနဲ့ ထရာလီးမြို့ကောင်စီမှာ အမြဲတမ်း Sinn Fein ကောင်စီဝင်ဖြစ်ပါတယ်။

Sethrida Geagea

          ဒီ လက်ဘနွန်နိုင်ငံသူ ကတော့ မေလ ၁၅ ရက် ၁၉၆၇ မှာမွေးပါတယ်။  ၁၉၉၄ သူမယောင်္ကျားထောင်ကျ၊ Labanese Forces Party ဖျက်သိမ်းခံခဲ့ရချိန်ကစလို့ နိုင်ငံရေးလောကထဲမှာ ကျင်လည်ခဲ့ပြီး ၂၀၀၅ခုနှစ်မှာတော့ သူမ အမျိုးသားပြန်လည် လွတ်မြောက်ချိန်၊ ရွေးကောက်ပွဲမှာ ပါတီအတွက် ဦးဆောင်ဦးရွက်ပြုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။  သူမဟာ Labanese Maronite League ရဲ့ ပါတီဝင်တစ်ယောက်လည်း ဖြစ်ပါတယ်။

Mara Carfagna
          ၁၉၉၇ ခုနှစ် အီတလီ မယ်ဆုရတဲ့ သူမကိုတော့ ၁၉၇၅ ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ မွေးပါတယ်။  အစပိုင်းမှာတော့ မော်ဒယ် အဖြစ်လုပ်ကိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ Froza Italia ပါတီရဲ့ Chamber of Deputies အဖြစ် အရွေးချယ်ခံခဲ့ရပါတယ်။  ၂၀၀၈ ကနေ ၂၀၁၁ အထိ Berlusconi IV Cabinet မှာ Minister for Equal Opportunity အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါသတဲ့။  Maxim မဂ္ဂဇင်း ရဲ့ ကမ္ဘာ့ Hottest အမျိုးသမီး နိုင်ငံရေးသမားလို့ ရွေးခဲ့သလို ကမ္ဘာ့အလှဆုံး အမျိုးသမီး နိုင်ငံရေးသမားလို့လဲ သူမကို ခေါ်ဆိုဖူးကြပါသတဲ့။  ထင်တာကတော့ အရင် မော်ဒယ်လုပ်တုန်းက ပုံရိပ်တွေကြောင့် ဖြစ်မယ်ထင်ပါတယ်။


Source : (Wikipedia)
Photo  : Google Search

2 comments:

  1. အပေါ်ဆုံးတစ်ယောက်နဲ့ အောက်ဆုံးတစ်ယောက်ရဲ့
    ပုံစံလေးတွေကိုကြိုက်တယ်
    (သများကျတော့ဘာလို့အဲလိုမလှတာလဲကွယ်)ဟင့်ဟင့် (ငိုသံ)

    ReplyDelete
  2. တီယောက်မှလဲ လူလွတ်ပါဝူးး)း)
    လှတော့ လှကြပါတယ်း)


    မောင်ဘကြိုင်

    ReplyDelete