စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Saturday, March 24, 2012

ရုရှားနိုင်ငံမှာ တွေ့တဲ့ UFO


          ရုရှားနိုင်ငံ၊ ဆားဘီးယား ကျေးရွာလေးပေါ်ကို မော်တော်ကား အရွယ်အစားလောက်ရှိတဲ့ အမျိုးအမည်မသိ အရာတ္တုတစ်မျိုး ကောင်းကင်ကနေ ကျခဲ့ပါတယ်။  ရုရှားမီဒီယာတွေကတော့ ဒီရုရှားနိုင်ငံ မော်စကိုမြို့ကနေ မိုင် ၂၀၀၀ ဝေးတဲ့ အိုထရက်နန်စကီး ဒေသမှာ ကျလာတဲ့ ကီလိုဂရမ် ၂၀၀ လောက်လေးတဲ့ အရာဝတ္တုဟာ UFO ဖြစ်တယ်လို့ ဆိုပါတယ်။
          ဒီ အရာဝတ္တုကို ကျွမ်းကျင်သူတွေ စစ်ဆေးကြည့်တဲ့အခါမှာတော့ ဒါအပိုင်းအစဟာ ဒုံးကျဉ် ဒါမှမဟုတ် ဒုံပျံ တွေက အပိုင်းအစမဟုတ်ပါဘူးလို့ ဆိုပါတယ်။  ရုရှားနိုင်ငံ အမျိုးသား အာကာသ အေဂျင်စီက ပြောရေးဆိုခွင့်ရသူကတော့ ဒီအရာဝတ္တုဟာ အာကာသ နည်းပညာတွေနဲ့ ဆက်စပ်မှု့မရှိဘူးလို့ဆိုပါတယ်။  ဒါပေမယ့် နောက်ဆုံးဆုံးဖြတ်ချက်ကိုတော့ ကျွမ်းကျင်ပညာရှင်တွေ စမ်းသပ်ကြည့်ပြီးတော့မှပဲ ဆုံးဖြတ်လို့ရမယ်လို့ ဆိုသွားပါတယ်။

          ဒီအရာဝတ္တုဟာ ကြီးမားတဲ့ အမှိုက်ပုံးတစ်ခုနဲ့ ဆင်တူပြီးတော့ မျက်မြင်တစ်ယောက်ရဲ့ အဆိုအရတော့  အဲ့ဒီအရာဝတ္တုမှာ U ပုံသဏ္ဍာန် ပစ္စည်းတစ်မျိုးရဲ့ထိပ်မှာ လုံးဝန်းတဲ့ ငွေရောင် ထိပ်ဖူးတစ်ခု တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။  
အောက်မှာတော့ YouTube ဗီဒီယိုလေး ကြည့်နိုင်ပါတယ်..

Source :(Link)

3 comments:

  1. ဘာမှန်းမသိသေးဘူးပေါ့

    ReplyDelete
  2. ဂြိုဟ်သားတွေတကယ်ရှိလား
    တွေ့ချင်တယ် ရှိချင်ရှိမှာာာ

    ReplyDelete
  3. ဂြိုဟ်သားတွေသုံးတဲ့
    ရေအီုးကြီး ဖြစ်မယ်.း)

    (ဒုတိယ)

    ReplyDelete