စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, February 14, 2012

Valentine's Day ဟာသာများ


နှစ်ရှည် စီမံကိန်း
          ကိုပု တစ်ယောက် စာတိုက်ထဲသို့ဝင်လာသည်။ လူတစ်ယောက် စာတိုက်ပုံးနားတွင် သဲကြီးမဲကြီး “နှလုံးသား” ပုံပါသော တံဆိပ်ကောင်းများကို စာအိတ်ပန်းရောင်လေးတွေပေါ်မှာ ကပ်နေသည်။  ထို့နောက် ရေမွှေးပုလင်းကို ထုတ်ကာ စာအိတ်များကို ဆွတ်သည်။
          ကိုပု အံသြတကြီးဖြင့် ထိုသူကို သွားမေးသည်…
ကိုပု။   ။“ခင်ဗျား ဘာလုပ်နေတာလဲ…..”
လူစိမ်း။   ။ “ဒီနေ့ ဗယ်လင်တိုင်းနေ့လေ.. အဲ့ဒါ ဗယ်လင်တိုင်းကဒ်ကလေးတွေ ထည့်ထားတဲ့ စာအိတ် အခု ၁၀၀၀ ကို ပို့ဖို့လုပ်နေတာ၊  ဘယ်သူတွေဆီကို ပို့မယ်ထင်လည်း”
ကိုပု။  ။ “ဟင်.. စာအိတ် တစ်ထောင်ကြီးများတောင်လား?၊  ဘာဖြစ်လို့ အဲ့ဒီလောက် အများကြီး ပို့ရတာတုန်း”
လူစိမ်း ။  ။  “ကျုပ်က လင်မယားတွေ ကွာရှင်းတဲ့ အမှု့တွေကို လိုက်တဲ့ ရှေ့နေ”






ချစ်မေတ္တာကြီးလှတယ်
          ဒါက အိုစမာ ဘင်လာဒင်ကို မဖမ်းမိခင်တုန်းက ဟာသလေးပါ။
ဒေးဗစ် ဆိုတဲ့ ကောင်လေးဟာ သူ့အဖေကို မေးနေပါတယ်။
ဒေးဗစ်။   ။ “ဖေဖေ ဗယ်လင်တိုင်းဆိုတာက Christian ဘုန်းတော်ကြီး စိန့် ဗယ်လင်တိုင်းကနေ စတာဆိုတော့တွေ ကျွန်တော့်တို့လို ဂျူးတွေက ဗယ်လင်တိုင်နေ့မှာ တစ်စုံတစ်ယောက်ကို လက်ဆောင်ပေးရင် ဘုရားသခင်က စိတ်ဆိုးမှာလားဟင်”
အဖေ ။  ။ “အင်း…. ဘုရားသခင်ကတော့ စိတ်ဆိုးမှာ မဟုတ်ပါဘူး သားရဲ့။  သားက ဘယ်သူ့ကို ပေးချင်လို့လဲ”
ဒေးဗစ် ။ ။ “သားက အိုစမာ ဘင်လာဒင်ကို ပေးချင်တာ”
အဖေဖြစ်သူ အနည်းငယ် လန့်သွားသည်….
အဖေ။  ။  “သားက ဘာဖြစ်လို့ အိုစမာ ဘင်လာဒင်ကို ပေးချင်ရတာလဲ”
ဒေဗစ်။  ။ “အင်း.. သားထင်တာကတော့ သားလို အမေရိကန်နိုင်ငံသား ဂျူးကလေးလေးက သူ့ကို လက်ဆောင်ပေးလိုက်တယ်ဆိုရင် အိုစမာကြီးက သူ့အပေါ်မှာ သားတို့တွေက ကောင်းသေးသားပဲ လို့ ထင်မှာပေါ့၊  အဲ့ဒီတော့ သားတို့ကို နည်းနည်းတော့ ချစ်လာမှာပေါ့။  သားပို့တာကို မြင်သွားတဲ့ တခြားကလေးတွေကလည်း သားလိုပဲ ဗယ်လင်တိုင်း လက်ဆောင်လေးတွေကို အိုစမာ ဘင်လာဒင်ကြီးဆီကို ပို့ကြမှာပေါ့။ အဲ့ဒီအခါကျတော့ အိုစမာ ဘင်လာဒင်ကြီးဟာ သားတို့ကို ပြန်ချစ်လာပြီးတော့ သူ့အပေါ် ကလေးလေးတွေက အဲ့ဒီလို သဘောထားရှိကြောင်း၊ သူ အမေရိကန်တွေကို ဘယ်တော့မှ မမုန်းတော့တဲ့ အကြောင်း လူတွေကို လျှောက်ပြောတော့မှာပေါ့။”
ဖခင်ဖြစ်သူ ဟတ်ထိသွားသည်။  ထို့နောက် ကြင်နာသော လေသံဖြင့်
ဖခင်။  ။ “သားရယ်၊  သားရဲ့ မေတ္တာတရားဟာ လေးစားစရာ ကောင်းလှချည်လားကွာ၊ အဖေ့ တစ်သက်မှာ ဒီလို စကားမျိုး ဒီတစ်ခါပဲ ကြားဖူးသေးတယ်။”
ဒေဗစ်။  ။ “ဟုတ်တယ်အဖေရဲ့….  အိုစမာကြီးက ၀မ်းသာပြီး အဲ့ဒီအကြောင်းကို လူတွေကို လျှောက်ပြောဖို့ ပုန်းနေတဲ့ နေရာက အထွက်၊ အမေရိကန် စစ်တပ်က သူ့ကို ပစ်သတ်လိုက်ရော”

လက်မြှောက်တယ် 
မေး။   ။ဘာဖြစ်လို့ မြှားနတ်မောင် တောင်မှ ရှေ့နေတွေရဲ့ အသည်းနှလုံးကို သူ့ရဲ့ မြှားနဲ့ ထိအောင် မပစ်နိုင်ရတာလဲ?
ဖြေ။   ။ သေးလို့….

မောင့် အချစ်ဆုံး
          ရိုဂျာတစ်ယောက် သူ့ချစ်သူကို ဗယ်လင်တိုင်း နေ့အတွက် လက်ဆောင်ပေးရန် နာမည်ကြီး လက်ဝတ်ရတနာဆိုင်တွင် လက်ကောက် တစ်ကွင်းလာဝယ်သည်။
ဆိုင်ရှင် ။  ။  လက်ကောက်မှာ မောင်ရင့် ကောင်မလေးနာမည်ကို ထွင်းပေးရဦးမလား
ရိုဂျာ။   ။  “အင်း… နာမည်အစား “အချစ်ဆုံးသော ချစ်ကလေးသို့” ဆိုတဲ့ စာတမ်းလေးပဲ ထိုးပေးပါ
ဆိုင်ရှင်။   ။ “ကောင်းပါပြီခင်ဗျာ၊  အရမ်းကို ချစ်တတ်တဲ့လူပဲ”
ရိုဂျာ။  ။ “အင်း… ဒီတစ်ယောက်နဲ့ အဆင်မပြေလည်း နောက်တစ်ယောက်ကို ထပ်ပေးလို့ ရတယ်လေ..”


ဗယ်လင်တိုင်း အိပ်မက်
အီမာ တစ်ယောက် အိပ်ယာမှ နိုးလာသည်။  ခင်ပွန်းဖြစ်သူကို လှမ်းပြောသည်…
အီမာ။  ။ “ဒါလင်ရေ.. ညက အိပ်မက် မက်တယ် သိလား၊  ဒါလင်က ချစ်ကို ပုလဲဆွဲကြိုး လှလှလေးဝယ်ပေးတယ်။  အဲ့ဒါ ဘာအဓိပ္ပာယ်လဲဟင်…”
ခင်ပွန်း ။   ။ “ညကျတော့ သိရမှာပေါ့ အချစ်ရယ်”
ထိုနေ့ည ခင်ပွန်းဖြစ်သူ ပြန်လာသည်။  အိတ်လှလှလေး တစ်အိတ်ဆွဲလာသည်။  ချစ်သက်လျှာ အီမာကို လှမ်းပေးလိုက်သည်။  အီမာ ၀မ်းသာအားရ ဖွင့်ကြည့်လိုက်သည်…
အထဲတွင် “အိပ်မက် နမိတ် နှင့် အသားလှုပ် ကျမ်း” ဟူသော စာအုပ်ထွက်လာသည်။

အကြံဥာဏ်
          အလုပ်ထဲတွင်ဖြစ်သည်။  ဗယ်လင်တိုင်းနေ့တွင် လက်ထပ်မည်ဟု ရည်ရွယ်ထားသူ စင်ဒီ က အီမာ့ကို မေးသည်။  လက်ထပ်ပြီးတဲ့ခါ အပျိုဘ၀နဲ့ ဘာကွာလဲဟင်…
အီမာ ။   ။ “အင်း… ပထမ ၁၀နှစ်တော့ တော်တော်ကြီးကို ရုန်းကန်ရတယ်….”
စင်ဒီ ။   ။ “ဟုတ်လား… ဒါနဲ့ အီမာ လက်ထပ်တာ ဘယ်လောက်ကြာပြီလဲ..”
အီမာ ။  ။ “၁၀ နှစ်”

မနောက်နဲ့
          ဒေးဗစ် နဲ့ အီမာတို့ ဗယ်လင်တိုင်းနေ့တွင် ချစ်သူတွေ ဖြစ်သွားကြသည်။  ရုပ်ရှင်သွားကြည့်ကြသည်။  ရုပ်ရှင်ရုံ တစ်ခုလုံး အမှောင်ချထားသည်။  ခဏကြာတော့ လိုက်ကာပွင့်သွားသည်။  ကြော်ငြာများထိုးသည်။  သို့သော် အသံမထွက်။  အားလုံး ငြိမ်သက်စွာကြည့်နေကြသည်။  ရုပ်ရှင်ပြသည် အသံမထွက်။
          ခဏနေတော့ လူတစ်ယောက်ထအော်သည်…. “ဒီမှာ ဒါက နောက်စရာ မဟုတ်ဘူး။  ကဲ ဖွက်ထားတဲ့ ရီမုတ် ကွန်ထရိုး ထုတ်ပေးပါ”

ရန်ပွဲ….
          လင်မယားနှစ်ယောက် ရန်ဖြစ်နေကြသည်….
မိန်းမ ။  ။ “ရှင့်လို လူမျိုးကို လက်ထပ်မိတာကိုက ကျွန်မ ရူးနေလို့…”
ယောက်ျား။  ။ “အင်း….. အဲ့ဒီအချိန်တုန်းက ကိုယ်လည်း မင်းကို ချစ်နေတာနဲ့ အဲ့ဒီအကြောင်းကို သေသေချာချာ မသိခဲ့ဘူး”

9 comments:

  1. ရီ ... သွားပါတယ် နောင် တော် ...

    ReplyDelete
  2. အသားလှုပ်ကျမ်းလာပေးနေမှာဆိုးလို့
    စာရင်းပြပြီးဝယ်လိုက်တယ် ခွီးးးး)))))

    ခင်မင်လျှက်

    မဒိုးကန်

    ReplyDelete
  3. တော်သေးတာပေါ့ ချစ်လင်မောင်လွင်ပြင်ဒီစာကိုအရင်လာမဖတ်လို့မဟုတ်ရင် အသားလှုပ်
    ကျမ်းဝယ်ပေးနေအုန်းမယ်

    ReplyDelete
  4. ဟားဟား နောက်ဆုံးရန်ပွဲက အကြိုက်ဆုံးပဲ


    မောင်ဘကြိုင်

    ReplyDelete
  5. :):) ဖတ်ခွင့်ရလို့ ကျေးဇူး ဒီနေ့..တော်တော်ညစ်နေတာ :P

    ReplyDelete
  6. သဘောတကျရှိလျှက်....

    ReplyDelete
  7. ရန်ပွဲ….
    နောက်ဆုံးကဟာလေးဗျာ အတော်ရယ်ရတယ်

    ReplyDelete
  8. ရန်ပွဲလေး အကြိုက်ဆုံးပဲ..။

    ReplyDelete
  9. ဟာသဆို လာထား အကုန်ကြိုက်ပြီသား

    ReplyDelete