စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, February 2, 2012

တရုတ်ပြည်မှာ အသစ်တွေ့တဲ့ ဒိုင်နိုဆော မျိုးစိတ်သစ်


          တရုတ်နိုင်ငံ ကျစ်ကျန်းပြည်နယ် အရှေ့ပိုင်းမှာတော့ ဒိုင်နိုဆော မျိုးစိတ်သစ်တစ်မျိုးကို တရုတ်နှင့် ဂျပန် သိပ္ပံပညာရှင်တွေက ထပ်မံတွေ့ရှိတယ်လို့ ဆင်ဟွှာ သတင်းဋ္ဌာနက ကြေညာသွားပါတယ်။  တစ်ကယ်တော့ ဒီ ဒိုင်နိုဆော အရိုးစုကို ရှာတွေ့တာက လွန်ခဲ့သော ၁၃နှစ်၊ အဝေးပြေးကားလမ်းမ ဖောက်လုပ်ချိန်တုန်းကထည်းက တွေ့ရှိတာဖြစ်ပြီး တွေ့ရှိတဲ့နေရာလေးကတော့ ထျန်းတိုင် ခရိုင်နားမှာဖြစ်ပါတယ်။  ဒီလို တွေ့ရှိတဲ့ ဒိုင်နိုဆောအရိုးစုကို ၃ နှစ်ကျော်လောက် သေသေချာချာလေ့လာပြီးတော့မှ ဒီလိုမျိုး မျိုးစိတ်အသစ်ဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ကောက်ချက်ချတာပါလို့ ကျစ်ကျန်း သဘာဝ သမိုင်းဆိုင်ရာ ပြတိုက်က ဘူမိဗေဒသိပ္ပံပညာရှင် ကျန်းဝမ်ကျိ ကပြောသွားပါတယ်။ 
          ခုတွေ့တဲ့ မျိုးစိတ်သစ်ကကိုတော့ “Yueosaurus Tiantaiensis”  လို့ နာမည်ပေးထားပါတယ်။  တရုတ်လိုဆိုရင်တော့ တျန်းတိုင်ရွ ဒိုင်နိုဆော“Tiantai Yue Dinosaur” လို့ ခေါ်ပါတယ်။ “ဒီ ဒိုင်နိုဆောမျိုးက အပြေးသန်ပါတယ်။  နောက်ပြီးတော့ သေးငယ်ပါတယ်။  ဒီလို အပြေးသန်တော့မှ အသားစားတဲ့ ဒိုင်နိုဆော ကြီးတွေရန်ကနေ လွတ်အောင် ပြေးနိုင်မှာဖြစ်ပါတယ်” လို့ ကျန်းက ဆိုသွားပါတယ်။

          ဒီ ဒိုင်နိုဆော အမျိုးအစားကတော့ ornithopods အနွယ်ဝင်တွေဖြစ်ပြီး အာရှတိုက်မှာတော့ အလွန်တွေ့ရခဲတယ်လို့ဆိုပါတယ်။  ဒီနေ့အထိတော့ မျိုးကွဲပေါင်း  ၄မျိုးအထိသာ တွေ့ရသေးတယ်လို့ ဆိုပါတယ်။  ခုတွေ့ရတဲ့ ဒိုင်နိုဆောမျိုးစိတ်နဲ့ဆိုရင်တော့ ၅ မျိုးဖြစ်သွားပြီးတော့ တရုတ်ပြည် အရှေ့တောင်ပိုင်းမှာ ပထမဆုံးတွေ့ရတဲ့ ornithopods မျိုးဖြစ်ပါတယ်။  အောက်မှတော့ ဒါနဲ့ ပါတ်သတ်တဲ့ Youtube ကသတင်းလေးပါ။


Source : (Link 1, Link 2, Link 3)

2 comments:

  1. ဗဟုသုတရပါတယ်ဗျာ... ကျေးဇူးပါ..း))

    ခင်မင်လျက်
    နေ၀သန်

    ReplyDelete
  2. ရောက်ခဲ့ပါတယ်ဗျာ ဗဟုသုတလဲရပါတယ် www.mieinsihn.com

    ReplyDelete