စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, January 11, 2012

သီးနှံအထွက်တိုးဖို့ မိန်းမငယ်လေးကို ယဇ်ပူဇော်သတဲ့


          အန္ဒိယနိုင်ငံက ၇ နှစ်အရွယ် လာလီတာ တတီလို့အမည်ရတဲ့ မိန်းကလေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလကထည်းကပျောက်ဆုံးသွားခဲ့တာပါ။  ခုရက်ပိုင်းမှာတော့ သူမရဲ့ ရုပ်အလောင်းကို တွေ့ရှိရာကနေ ဒီအမှု့ကို ခြေရာခံမိတာပါလို့ ဘီဂျာပေါ်ဒေသ ချာဟက်တီဂရှက် က ရဲတပ်ဖွဲ့ကပြောသွားပါတယ်။  ရဲတပ်ဖွဲ့ဟာ အဲ့ဒီဒေသက ဆင်းရဲနုံချာလှတဲ့ လယ်သမား ၂ယောက်ကို ဒီကလေးမလေးကို သတ်တဲ့ အမှု့နဲ့ ဖမ်းဆီးခဲ့ပါတယ်။  ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရတော့ ဒီလယ်သမား ၂ယောက်ဟာ အဆိုပါ ကလေးမကလေးကို သူတို့ရဲ့ လယ်မြေတွေမှာ သီးနှံအထွက်တိုးစေဖို့ ယဇ်ပူဇော်တယ်လို့ ဆိုပါတယ်။
          အဆိုပါ တတီဆိုတဲ့ မိန်းကလေးဟာ သူတို့အိမ်နားက အိမ်မှာ ရုပ်မြင်သံကြားသွားကြည့်ပြီးအပြန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။  ရဲအရာရှိအဆိုအရ အဆိုပါ လယ်သမားနှစ်ယောက်ဟာ အဆိုပါ ကလေးမကလေးကို သတ်ပြီးတော့ သူမရဲ့ အသည်းကို ထုတ်ယူပြီး ယဇ်ပူဇော်တယ်လို့ ဆိုပါတယ်။  ခုတော့ ဒီလယ်သမားနှစ်ယောက်ရဲ့ ထွက်ဆိုချက်တင်မကပဲ သက်သေပါ လုံလောက်တဲ့အတွက် ဒီနှစ်ယောက်ကို လူသတ်မှု့နဲ့ စွဲချက်တင်ပြီးတော့ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဒါမှမဟုတ်ရင် သေဒဏ်ချမှတ်မှာ ဖြစ်ပါတယ်။
          ဒီလယ်သမားနှစ်ယောက်ဟာ တရီဘောလ် “tribals” လို့ခေါ်တဲ့ ဒေသကဖြစ်ပြီးတော့ အဲ့ဒီဒေသတွေဟာ အလွန်ကို တိုးတက်မှု့နှုန်းနှေးကွေးပြီး ပညာမတတ်တဲ့ လူတွေ များတယ်လို့ ဆိုပါတယ်။  အန္ဒိယမှာတော့ လူသားတွေကို ယဇ်ပူဇော်တဲ့ အပြုအမူဟာ အလွန်ကိုတွေ့ရခဲပေမယ့် ပြီးခဲ့တဲ့နှစ်ပိုင်းတွေမှာတော့ အနည်းငယ် ဖြစ်ပွားလာပါတယ်တဲ့။  သြော်.. မသိမှု့များ တယ်ကြောက်ဖို့ ကောင်းတာကိုး။

Source : (Link)

7 comments:

  1. တိုးတက်နေတဲ့ လောကကြီးမှာ ဒါတွေလဲ အခုထိရှိသေးတယ်နော်
    ကလေးလေးသနားပါတယ်

    ReplyDelete
  2. ဒဲဒီလယ်သမားလင်မယားရူးနေတာပါ..ဗျို့

    ReplyDelete
  3. ဟာ ရူးနေကြလားမသိဘူး ကုလားပြည်ကဟာတွေ စိတ်ညစ်လိုက်တာနော်
    ဒါတွေကိုယုံနေကြသေးတယ်
    ပညာမှမတတ်စဉ်းစားတွေးခေါ်ညဏ်မရှိ. ..ဟင်းးးးးလူဦးရေပဲစွတ်တိုးလာနေတား(

    ReplyDelete
  4. ဒီခေတ်ကြီးမှာ ဒီလို အယူဝါဒစွဲတွေ ရှိနေသေးတာ စိတ်ပျက်စရာ...

    ReplyDelete
  5. တတီရဲ့ ဘဝကံအကျိုးပေးကလည်း ဆိုးလိုက်တာနော်။
    ဖတ်ရတာစိတ်မကောင်းစရာပါလား မောင်အောင်ထွဋ်ရေ။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ယဇ်ပူဇော်တဲ့ အလေ့အထက ကုန်သွားပြီထင်တာ ရှိသေးတယ်ကိုး
    စိတ်မကောင်းဖြစ်မိတယ်
    ဘာမှ နားမလည်ရှာသေးတဲ့ကလေးက မသိနားမလည်တဲ့ လူတွေရဲ့ သတ်ဖြတ်ခြင်း ခံလိုက်ရတယ်။

    ReplyDelete
  7. တော်တော်ရူးချာတဲ့သူတွေ

    ReplyDelete