စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, September 28, 2011

သစ်ကြားသီးပေါ်ချိန်


          ဘာရယ်မဟုတ်ပါဘူး။  သူများတွေတင်တာအားကျလို့ လျှောက်ရိုက်ပြီးတင်ကြည့်တာ။  အခု သစ်ကြားသီးတွေ၊ ဗာဒံစေ့လို့ခေါ်လား Almond စေ့လို့ခေါ်လား အဲ့ဒီအစေ့တွေ စပေါ်စဆိုတော့ လမ်းဘေးကနေ၀ယ်လာတယ်။

ဟော့ဒါက သစ်ကြားသီးတွေ ပုံရောင်းနေတာ အလည်က အခွံနွှာပြီးသား


ဟောဒါက အနီးကပ်ရိုက်ချက်

ဟောဒါက Almond စေ့တွေ

Almond စေ့ ယွမ် ၂၀ ဖိုးက တထောကြီးရသဗျ

ဟောဒါက သစ်ကြားသီး ယွမ် ၃၀ ဖိုး

ဟော့ဒီလို အစေ့တွေကို ကြမ်းပေါ်မှာခင်း Budweiser လေးနှင့်တွဲပြီးသကာလ

နေ၀င်ရီတရော ရှု့ခင်းကို ၀ရန်တာမှာ ကြည့်ကာ

ချစ်လှစွာသော ရှု့မငြီး ကျွန်ုပ်၏ ဇနီးအားလည်းကောင်း၊  ရွှေပြည်ကြီးသို့လည်းကောင်း၊ ကျွန်ုပ်၏ သူငယ်ချင်းများအားလည်းကောင်း၊  ဘာကို လွမ်းလို့လွမ်းရမှန်းမသိသော အရာများအားလည်းကောင်း အလွန်တရာ လွမ်းလိုလှသဖြင့် ပက်ပက်စက်စက်ကြီး လွမ်းပစ်လိုက်ပါသည်။








7 comments:

  1. အရမ်းကိုကြိုက်တယ် အများကြီးစားရင်တော့ခေါင်းမူး
    တတ်တယ်နော်....တောင်ကြီးတို့လားရှိုးတို့မှာတော့ပေါပါတယ်....
    ခုမလေးရှားမှာ ဈေးကြီးတယ်....
    ဟုတ်တယ် ဟိုရှည်ရှည်လေးတွေက ဗာဒံစေ့လို့ခေါ်တာ
    ခင်မင်တဲ့ jasmine

    ReplyDelete
  2. ယိုင်တိုင်တိုင်ဖြစ်နေပီ................. :P

    ReplyDelete
  3. တစ်ခါပဲ စားဖူးတယ်ဗျ ကောင်းမကောင်း မမှတ်မိတော့ဘူး အစ်ကိုရေ။ :P လေးတွေကောင်းတယ်။ ဒါနဲ့ Budweiser ကဘီယာလားဟင်?။

    ReplyDelete
  4. ဟုတ်ကဲ့ခင်ဗျ.. အမေရိကဘီယာလို့ရေးပြီး တရုတ်မှာတော့ တရုတ်မှာထုတ်တဲ့ ဘီယာပါခင်ဗျ...ဒီမှာပေါတယ် တစ်ဘူး ၄ယွမ်လောက်ဘဲရှိတယ်။ စလုံး ပြား၈၀ လောက်ကျမယ်ထင်တယ်။ လမ်းကြုံတုန်း တစ်ဘူးလောက်ဆွဲသွားပါလားဟင် :P

    ReplyDelete
  5. တရုတ်ပြည်မှာ Wall Nut သစ်ကြားသီးနဲ့ Almond သီးက သိပ်ပေါတယ်နော်။ ၂မျိုးလုံးကြိုက်တယ်။ အမြည်းလုပ်ရင်တော့ အကောင်းဆုံးပေါ့။ ဒီဆိုဒ်ကို ခုမှ သိတယ်။ စိတ်ဝင်စားစရာပိုစ့်တွေ အများကြီးတွေ့လိုက်ရတယ် ။ သိတာ နောက်ကျသွားတယ်

    ReplyDelete
  6. သစ်ကြားသီးကဆိမ့်လွန်းတော့ များများစားရင် တောက်တယ်လို့ပြောကြတယ်။ သွေးတက်တာပေါ့နော်။
    သစ်ကြားသီးထက်သီဟိုလ်စေ့ကို ပိုနှစ်သက်တယ်း)
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  7. လာလည်ကြတဲ့ မချော နှင့် အန်တီတင့် ကို အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ။ သစ်ကြားသီးကတော့ စားတိုင်း မူးတာပါဘဲ ဟီး ဟီး။ သီဟိုစေ့ကတော့ ဒီမှာ ဈေးနည်းနည်းလေး ပိုကြီးတယ်ခင်ဗျ.. နှစ်မျိုးလုံး ကြိုက်မှကြိုက် :P

    ReplyDelete