စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Thursday, August 18, 2011

စင်ကာပူနိုင်ငံအတွက် အဆင့်မြင့် နည်းပညာသုံး ရေငုပ်သင်္ဘော RSS Archer ရောက်ရှိလာ


            စင်ကာပူနိုင်ငံ ရေတပ်မတော် (Republic of Singapore Navy [RSN])၏ လက်ရှိအချိန်အရ နည်းပညာ အဆင့်အမြင်ဆုံးသင်္ဘော RSS Archer သည် ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့(17.08.2011) က စင်ကာပူနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ စင်ကာပူရေတပ်၏ အကြီးအကဲ (Chief of Navy Rear-Admiral) “Ng Chee Peng” နှင့် အခြားသော အဆင့်မြင့် အရာရှိများသည် ချန်ဂီရေတပ်စခန်း ဋ္ဌာနချုပ်သို့ ထိုသင်္ဘော ဆွီဒင်နိုင်ငံ၊ ကာလ်စ်ခရိုနာ (Karlskrona)မှ ရောက်ရှိလာသည်ကို သွားရောက် ကြည့်ရှု့ခဲ့ကြောင်း သိရှိရသည်။
                ထို Archer-class boat ရေငုပ်သင်္ဘောမှာ ယခင်က ဆွီဒင်ရေတပ်မတော်ရှိ ရေငုပ်သင်္ဘော ၂စီးအနက် တစ်စီးကို ၂၀၀၅ ခုနှစ်တွင် စင်ကာပူရေတပ်မတော်မှ တစ်ပတ်ရစ်အဖြစ် ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသင်္ဘောကို ဆွီဒင်နိုင်ငံ ကာလ်စ်ခရိုနာတွင် အပူပိုင်ဒေသပင်လယ်ပြင်တွင် သွားလာနိုင်စေရန် မွန်းမံမှု့များပြုလုပ်ပြီးစီသည့် ပြီးခဲ့သည် ၂ နှစ်က ရေချခဲ့သည်။

ထိုသင်္ဘောကို မောင်းနှင်သည် RSN ၏ သင်္ဘောသားများမှာ ၂၀၀၇ ခုနှစ်ထဲက ဆွီဒင်နိုင်ငံသို့သွားရောက်ခဲ့ပြီး အဆိုပါသင်္ဘောကို မောင်းနှင်ရန်နှင့် ပြုပြင်ထိန်းသိမ်းရန် သွားရောက်လေ့ကျင့်ခဲ့သည်ဟု ဆိုသည်။
မူရင်း Link ကတော့ ဒီမှာပါ - http://www.straitstimes.com/BreakingNews/Singapore/Story/STIStory_703352.html

No comments:

Post a Comment