စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Tuesday, August 30, 2011

လေ့လာမှတ်သား အင်ဂျင်နီယာလောကရဲ့ စကားများ

              လေ့လာမှတ်သား အင်ဂျင်နီယာလောကရဲ့ စကားများလို့သာ ခေါင်းစဉ်တပ်လိုက်ပေမယ့် တစ်ကယ်တမ်းတော့ သက်ဆိုင်ရာနယ်ပယ်မှာ ထင်ရှားကျော်ကြားတဲ့ လူပုဂ္ဂိုလ်ကြီးများရဲ့ အင်ဂျင်နီယာနယ်ပယ်နဲ့ သတ်ဆိုင်တဲ့ စကားစုလေးတွေပါ။

“The problems of the world cannot possibly be solved by skeptics or cynics whose horizons are limited by the obvious realities.  We need men who can dream of things that never we.”
John F. Kennedy
“ကမ္ဘာကြီးပေါ်မှာ ဖြစ်ပျက်နေတဲ့ ပြသနာတွေကို မေးခွန်းထုတ်နေသူတွေ၊ ကလန့်တိုက်နေသူတွေ ဒါမှမဟုတ် အဆိုးမြင်ဝါဒီတွေစတဲ့ မြင်တွေ့နေကျ သဘာဝလောက်ကိုသာ အဟုတ်ထင်နေတယ်လူတွေနဲ့ ဖြေရှင်းနိုင်စွမ်းမရှိပါဘူး။  ကျွန်တော်တို့လိုနေတာက ကျွန်တော်တို့ တစ်ခါမှ အိပ်မက်မမက်ဖူးတဲ့ အရာတွေကို တွေးမြင်နိုင်တဲ့ လူတွေကို လိုအပ်နေတာပါ”
ဂျွန် အက်ဖ် ကနေဒီ



“We are continually faced by great opportunities brilliantly disguised as insoluble problems.”
Lee Iacocca
“ကျွန်တော်တို့ဟာ မဖြေရှုင်းနိုင်တဲ့ ပြသနာများလို့ ထူးချွန်ပြောင်မြောက်စွာ ဖုံးကွယ်နေတဲ့ အခွင့်အရေးကြီးကို စဉ်ဆက်မပြတ် ရင်ဆိုင်နေကြရပါတယ်”
လီး အိုင်းကိုကာ


“Focus 90% of your time on solutions and only 10% of your time on problems.”
Anthony J. D’Angelo
“၉၀ ရာခိုင်နှုန်းသော သင့်ရဲ့ အချိန်တွေကို ပြသနာတွေ ဖြေရှင်းဖို့အတွက်အာရုံစိုက်ပါ။  ကျန်တဲ့ ၁၀ ရာခိုင်နှုန်းကိုသာ ပြသနာတွေ အတွက်ထားပါ”
အန်တိုနီ ဂျေ ဒီအန်ဂလို


“Engineers like to solve problems.  If there are no problem handily available, they will create their own problems.”
Scott Adams
“အင်ဂျင်နီယာတွေဟာ ပြသနာတွေကို ဖြေရှင်းရတာကို ကြိုက်နှစ်သက်ကြတယ်။  အကယ်လို့ လက်ထဲမှာ ပြသနာတစ်ခုမှ မရှိတော့ဘူးဆိုရင်တော့ သူတို့ဟာ ပြသနာ အသစ်တွေကို ကိုယ်တိုင် ဖန်တီးတော့တာပါဘဲ”
စကော့ အဒမ်စ်

“The problems that exist in the world today cannot be solved by the level of thinking that created them.”
Albert Einstein
“ဒီနေ့ ကမ္ဘာကြီးပေါ်မှာ ဖြစ်ပွားနေတဲ့ ပြသနာတွေကို အဲ့ဒီ ပြသနာတွေ ဖြစ်ပွားအောင်ဖန်တီးခဲ့သူတွေရဲ့ တွေးခေါ်နိုင်မှု့အဆင့်လောက်နဲ့ ဖြေရှင်းလို့မရဘူး။”
အဲလ်ဘက် အိုင်းစတိုင်း

“The human brain must continue to frame the problems for the electronic machine to solve.”
David Sarnoff
“လူတွေရဲ့ ဦးနှောက်ဟာ လျှပ်စစ် စက်တွေ ပြသနာဖြေရှင်းလို့ရအောင် ပြသနာတွေကို ဆက်လက်ပြီး အစီအစဉ်ချထား ပြင်ဆင်ထားရမယ်”
ဒေးဗစ် ဆာနော့်ဖ်

“Understand that most problems are a good sign.  Problems indicate that progressing is being made, wheels are turning, you are moving towards to goal.  Beware when you have no problems. Then you’ve really got a problem….  Problems are like landmarks of progress.”
Scott Alexander
“နားလည်ထားတာကတော့ များစွာသော ပြသနာတွေဆိုတာ အပေါင်းလက္ခဏာ ကို ဆောင်တယ်။  ပြသနာတတ်တယ်ဆိုတာက ရှေ့တိုးသွားနေလို့၊ ဒီစက်ဝန်းကြီးတွေဟာ လည်နေလို့၊ သင်ဟာ သင့်ပန်းတိုင်ကို ရောက်ရှိဖို့ ရှေ့သို့ ခရီးဆက်နေလို့။  ဘာပြသနာမှ မရှိဘူးဆိုရင်တော့ သင်သတိထားပေတော့။  ဘာပြသနာမှ မရှိဘူးဆိုတာကိုက သင့်မှာ ကြီးမားတဲ့ ပြသနာတစ်ခုရှိနေပြီ။  ပြသနာတွေဆိုတာ တို့တက်မှု့လုပ်ငန်းစဉ်တိုင်းရဲ့ အရေးပါတဲ့ မှတ်တိုင်တွေနဲ့တူတယ်။”
စကော့ အလက်ဇန်းဒါး


“It’s not that I’m so smart, it’s just that I stay with problems longer”
Albert Einstein
“ကျွန်တော်ဟာ တော်နေလို့မဟုတ်ဘူး၊  ပြသနာတွေကြားထဲမှာ နေတာကြာလို့”
အဲလ်ဘက် အိုင်းစတိုင်း


“With engineering, I view this year’s failure as next year’s opportunity to try it.  Failures are not something to be avoided.  You want to have them happen as quickly as you can, so you can make progress rapidly.”
Gordon Moore
“အင်ဂျင်နီယာနယ်ပယ်နဲပတ်သတ်ပြီးတော့ ကျွန်တော်မြင်တာကတော့ ဒီနှစ်မှာ မအောင်မြင်ခြင်း၊ကျရှုံးခြင်းဆိုတာ နောက်နှစ်အတွက် ထပ်မံကြိးစားရန် အခွင့်အရေးတစ်ခုဖြစ်တယ်။  မအောင်မြင်ခြင်း၊ ကျဆုံးခြင်းတွေဟာ ရှောင်လွှဲလို့ရတဲ့ အရာတွေ မဟုတ်ဘူး။  သင်ဟာ ဒီအရာတွေကို မြန်နိုင်သလောက်မြန်အောင် လုပ်ချင်ဖို့လိုတယ်။  ဒါမှသင့်ရဲ့ လုပ်ငန်းစဉ်ဟာ အရှိန်အဟုန်နဲ့ ရှေ့ဆက်နိုင်မှာ။”
ဂေါ်ဒွန် မိုး



“If you don’t have mistakes, you’re not working on hard enough problems.  And that’s a big mistake.”
F. Wikzek
အကယ်၍သင့်မှာ အမှားမရှိဘူးဆိုတာ သင်ဟာ ပြသနာတွေရှင်းရလောက်အောင် အလုပ်မလုပ်ဖူးလို့ဘဲ။  အဲ့ဒါကပဲ ကြီးမားတဲ့ မှားယွင်းမှု့တစ်ခု။
အက်ဖ် ၀ခ်ဇက်


ဘာသာပြန်တာ ညံဖျင်းလှတဲ့အတွက် လွဲမှားမှု့များရှိရင် သည်းခံဖတ်ပေး၊ အကြံလေးများ ပေးကြပါ။



သြော်…. ဘ၀ … ဘဝ




No Problem at all.............. (ဒါက အလုပ်ခွင်ထဲမှာ မြင်တွေ့နေရတာလေးတွေနဲ့ တူလို့ ဒီပိုစ့်ထဲမှာ ရောထည့်လိုက်တာပါ)။


Photos  : Internet

No comments:

Post a Comment