စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Wednesday, August 31, 2011

ပြုံးအလှပိုင်ရှင် ဖြစ်လိုပါသလား?

          ဂျပန်က ထွင်လိုက်တာပါ။  သင့်ကလေးငယ် နဲ့အတူ အဖိုးတွေ အဖွားတွေဆီသွားလည်ရင် ကလေးတွေ စူစူပုတ်ပုတ်မျက်နှာကို သင် ပြင်ချင်ပါသလား?  မပူပါနဲ့ ဒီစက်ကလေးကို ချိတ်ပြီး ခလုပ်ကလေးကို နှိပ်လိုက်ရုံပါဘဲ။  အလိုလိုနေရင်းကို ရယ်သွားစေရမယ်တဲ့။
          အသုံးပြုပုံကတော့ မျက်မှန်တပ်သလို နားမှချိတ် ပြီးရင် ကျန်တဲ့ အပိုင်းကို မေးစေ့မှာ ချိတ်လိုက်ရုံပါဘဲတဲ့။  ပြီးရင်တော့ ခလုပ်နှိပ်လိုက်တော့…. လျှပ်စစ်လှိုင်းတွေက မေးရိုးတစ်လျှောက်ကို ဆက်တိုက်လွှတ်ပေးပါလိမ့်မယ်။  ဒီလျှပ်စစ်အားတွေက မေးရိုးမှာရှိတဲ့ ကြွက်သားတွေကို ကျုံစေပြီး ပြုံးအလှပိုင်ရှင်ဖြစ်သွားစေပါတယ်တဲ့။ 
          သင့်ချစ်သူက သင့်ကို စိတ်ကောက်ပြီး မျက်နှာစူပုတ်ပုတ်နဲ့ နှုတ်ခမ်းစူနေပါသလား… ဒါလေးကို တပ်ပေးလိုက်ပါ။  သင့်အထက်လူကြီး ရှေ့မှာ မျက်နှာကို ပြုံးပြုံးလေးနဲ့ သူ ဆူဆဲသမျှကို အောင့်အီးသည်းခံလိုပါသလား…. ဒါလေးကို တပ်လိုက်ပါ အဆင်ပြေသွားပါလိမ့်မယ်။


Source - Source 1

No comments:

Post a Comment