စုံစီနဖာများကို ရေးချင်ရာလျှောက်ရေး၊ တင်ချင်ရာလျှောက်တင်နေသော ကျွန်တော့်၏ ကြွက်သိုက်ဂေဟာသို့ တကူးတက ကြွရောက်လာကြသော ဘလော့ဂ်ဂါကြီးများ၊ ဧည့်သည်တော်ကြီးများကို ကျွန်တော် အားနာစွာဖြင့်ပင် ကျေးဇူးအထူး တင်ရှိပါသည်။

Friday, August 19, 2011

စကိတ်စီးမယ့် တရုတ်ရဲမေများ



တရုတ်နိုင်ငံ စီချွမ်ပြည်နယ်ရှိ မြို့တော် ချန်းဒူ ဟာ တစ်ရုတ်နိုင်ငံ အနောက်တောင်ပိုင်းရဲ့ စီးပွားရေးအချက်အချာမြို့တစ်မြို့ဖြစ်ပြီး တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့တွေထဲမှာလဲ ပါဝင်ပါတယ်။ အဲ့ဒီမြို့ဟာ မြို့ပြရဲ့ အလှအပတွေနဲ့ အတူ မြို့ပြရဲ့ အလှအပကို အကြည်းတန်စေတဲ့ ရာဇ၀တ်မှု့တွေလဲ ရှိနေပါတယ်။
ဒါတွေကို ကာကွယ်ဖို့ တရုတ်ပြည်ဟာ ရဲမေလေးများကို စကိတ်စီးပြီး ရာဇ၀တ်မှု့တွေကို နှိမ်နှင်းဖို့ တာဝန်ပေးအပ်လိုက်ပါပြီ။ စကိတ်စီးတယ်ဆိုလို့ အထင်မသေးလိုက်ပါနဲ့… ထိုရဲမေလေးများဟာ ၁နာရီကို ၂၅မိုင်နှုန်းနဲ့ စကိတ်စီးပြီး သူခိုးဖမ်းနိုင်တယ်လို့ဆိုပါတယ်။
ချန်ဒူးမြို့၊ တီယန်ဖု ရင်ပြင်ရဲ့ ရေပန်းများ လှပတဲ့ မီးရောင်စုံများကြားမှ စီးမျောနေတဲ့ ခရီးသွား ဧည့်သည်များဟာ အလစ်သုတ်သမားများကို အထူးဘဲ ဆွဲဆောင်စေပါတယ်။ ဒါပြင် ခရီးသွား ဧည့်သည်တွေဟာ တရုတ်ပြည်ရဲ့ ခေါင်းဆောင်ဟောင်းကြီး မော်စီတုန်းရဲ့ ရုပ်ထုကို လာရောက်ကြည့်ရှု့ကြပြီး စတိုးဆိုင်ငယ်လေးများ၊ အမှတ်တရ အရောင်းဆိုင်လေးများ၊ စားသောက်ဆိုင်တန်းများအကြား လှည့်လည်ကြည့်ရှု့လေ့ရှိပါတယ်။
ဒီလို အလစ်သုတ်သမားတွေပေါလာတာကြောင့် စကိတ်စီးတဲ့ တရုတ်ရဲမေများကို နှိမ်နင်းစေတယ်လို့ဆိုပါတယ်။ ရဲမေတွေဟာ တစ်စုတစ်ဝေးထဲ ဟန်ချက်ညီညီ ကင်းလှည့်နေပြီး၊ သူတို့ရဲ့ အလုပ်အပေါ်မှာလဲ ပျော်ရွှင်နေတယ်လို့ဆိုပါတယ်။ စကိတ်ဝတ်ဆင်မထားတဲ့ အချိန်မှာတော့ ရဲမေတွေဟာ ၃လက်မ မြင့်တဲ့ ဒေါက်ဖိနပ်နဲ့ သွားလာမှာဖြစ်ပြီး အဆိုပါ ဒေါက်ဖိနပ်ကို ၀တ်ဆင်ခြင်းဖြင့် ခန့်ညားမှု့နဲ့ တာဝန်ယူနိုင်မှု့စွမ်းရည်တွေကို ပိုမိုတိုးတက်စေတယ်လို့ အာဏာပိုင်တွေက ယုံကြည်နေကြပါတယ်။
ရွှေပြည်ကြီးက ရဲမေ မမတွေကိုသာ စကိတ်ပေးစီးလို့ကတော့ လမ်းမညီတာနဲ့တင် သွားဆရာဝန်တွေ တော်တော် အလုပ်ဖြစ်မယ်ထင်ပါတယ်။
မူရင်း Link ကတော့ ဒီမှာပါ - http://www.weirdasianews.com/2011/08/15/chinas-cops-rollerblades-high-heels/

No comments:

Post a Comment